ကရင်နီသမိုင်းစာရွက်ဖြန့်ဝေသူ ၂ ဦး ထပ်မံတရားစွဲခံရ

ကရင်နီသမိုင်းစာရွက်ဖြန့်ဝေသူ ၂ ဦး ထပ်မံတရားစွဲခံရ
by -
စိုးသူအောင်
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှုကို ဇူလိုင် ၃ ရက်နေ့က ကန့်ကွက် ဆန္ဒပြသူများ (ဓာတ်ပုံ - ခွန်းအသန်း)
ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမှုကို ဇူလိုင် ၃ ရက်နေ့က ကန့်ကွက် ဆန္ဒပြသူများ (ဓာတ်ပုံ - ခွန်းအသန်း)

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စိုက်ထူရန် ပြည်နယ်အစိုးရမှစီစဉ်နေသည့် ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်သည့်အနေဖြင့် ကရင်နီသမိုင်းစာရွက် ဖြန့်ဝေသူ ၂ ဦးကိုအာဏာပိုင်များမှ ထပ်မံတရားစွဲ ခဲ့ကြောင်းသိရသည်။

ကရင်နီလူငယ်များဖြစ်သည့် ကိုဆားအီနှင့် ခွန်းဂျွန်သန်းစိုးနိုင်တို့ နှစ်ဦးကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ဖြင့် ထပ်မံတရားစွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ ဒီမော့ဆိုက ဆင့်ခေါ်စာကတော့ ခွန်းဂျွန်သန်းစိုးနိုင်ကလက်မှတ်ထိုးထားတယ်။ဆားအီကတော့ တရားဝင်ဆင့်ခေါ်စာ မရရှိသေးဘူးလို့ပြောတယ် “ ဟု ဗိုလ်ချုပ်ကြေးရုပ်ဆန္ဒပြဦးဆောင်သူ ခွန်းဘားနဒ်ဘုတ်ကပြောသည်။

ကယားတွင် ကရင်နီသမိုင်းစာရွက်များအား ဖြန့်ဝေခဲ့သည့်အတွက် လက်ရှိတရားရင်ဆိုင်နေရသူ ၁၁ ဦးထိရှိနေပြီး ကိုုဆားအီနှင့် ခွန်းဂျွန်သန်းစိုးနိုင်တို့ ပါဝင်ပါက (၁၃) ဦးအထိ ရှိလာပြီဖြစ်သည်။

ခွန်းဂျွန်သန်းစိုးနိုင်အား ဒီးမော့ဆိုမြို့နယ်တွင် တရားစွဲဆိုထားပြီး ကိုဆားအီအား ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်၊ မြို့နယ် (၂) ခုတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်းလည်းသိရသည်။

လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူရေးကိုရပ်ဆိုင်းပေးရန် ဇူလိုင်လ ၃ ရက်နေ့၌လည်း လူရာကျော် ဆန္ဒပြခဲ့ကြသေးသည်။

ဗိုလ်ချုပ်ကြေးရုပ်ကန့်ကွက်ဆန္ဒပြသူများနှင့် ကရင်နီသမိုင်းစာရွက်ဖြန့်ဝေသောကြောင့် ငြိမ်း၊စု၊စီပုဒ်မ ၁၉ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ တို့ဖြင့် တရားစွဲခံထားရသူ စုစုပေါင်းမှာ ၂၃ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ကရင်နီလူငယ်မျိုးဆက်သစ်အဖွဲ့(KNGY) ကထုတ်ပြန်ထားသည်။

April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...
April 22, 2026
ရောင်နီ — ဟံသာ၀တီ ဦးဝင်းတင် ကွယ်လွန်ခြင်း (၁၂) နှစ်မြောက်အဖြစ် ပြုလုပ်နေသည့် Blue Shirt Campaign...