ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ ပါတီ ၅ ခုဝင်ရောက်ယှဉ်ပြိုင်မည်

ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲ ပါတီ ၅ ခုဝင်ရောက်ယှဉ်ပြိုင်မည်

လာမည့်နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ချင်းပြည်နယ် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံရေး ပါတီ ၅ ခု ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

ချင်းပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကို ကန်ပက်လက်မြို့ နှင့် မတူပီမြို့နယ်တို့တွင် ကျင်းပမည် ဖြစ်ပြီး ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ(CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ်(CLD)၊ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့အတွင်းရေးမှူး ဦးလင်းကျော်ကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကို ကန်ပက်လက်မြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာအတွက် ကျင်းပမည်ဖြစ်ပြီး ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ(CNDP)၊ ချင်းတိုးတက်ရေးပါတီ (CPP)၊ အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) နှင့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ချင်းတိုးတက်ရေးပါတီကိုယ်စားပြုအနေဖြင့် ကန်ပက်လက်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးမနားရှိန်းကတော့ လူထုအကျိူးဆောင်ရွက်ရန် ခေတ်နှင့်လျော်ညီမှုမရှိတော့သည့် ဥပဒေများကို ပြုပြင်ပြောင်းလဲချင်သည့်အတွက် ယခုကဲ့သို့ ယှဉ်ပြိုင်ရန် စီစဉ်ရခြင်းဖြစ်သည်ဟု ပြောသည်။

“ကန်ပလက်မြို့နယ်ရဲ့လိုအပ်ချက်ကြောင့်ပေါ့နော် ပြည်သူလူထုကနေပြီးတော့ ခေါင်းဆောင်းကောင်လိုချင်နေကြတယ်၊ ခေါင်းဆောင်တွေကိုအားမရကြဘူး အဲဒါကြောင့် ကျနော်က လက်တွေ့အလုပ်လုပ်ပြဖို့ပေါ့နော်၊ ကျနော်တို့နိုင်ငံမှာ ခေတ်နဲ့မလျော်ညီတော့တဲ့ဥပဒေတွေပြင်ဆင်ဖို့ အရမ်းလိုအပ်နေပါတယ် အဲဒီပြင်ဆင်နိုင်ဖို့အတွက် ပါဝင်ချင်တာ’’ ဟု ဦးမနားရှိန်းကပြောသည်။

မတူပီမြို့နယ်တွင် ပြည်နယ်လွှတ်တော်နေရာအတွက် ကျင်းပမည်ဖြစ်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချူပ်(CLD) နှင့် အမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (NLD) တို့ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

CLD ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်လျန်းက “ အဓိကတော့ အစိုးရရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကို ထောက်ပြချင်တယ် စီမံကြီးကြပ်ပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက် အကျိူးရှိရှိ အသုံးပြုချင်ပါတယ်၊ နောက်တစ်ခုကတော့ လူငယ်နှင့် အမျိူးသမီးပူပေါင်းပါဝင်မှု ပိုမိုအားကောင်းစေချင်လို့ ဖြစ် ပါတယ်’’ ဟု ပြောသည်။

Most read this week

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...