ဖားကန့်မြေပြိုမှုကြောင့် သေဆုံး ဒဏ်ရာရသူများ ကို အစိုးရမှ မကူညီသေး

ဖားကန့်မြေပြိုမှုကြောင့် သေဆုံး ဒဏ်ရာရသူများ ကို အစိုးရမှ မကူညီသေး

ဖားကန့် ဆန်ခါမှော် တောင်ကမ်းပါးပြိုကျခြင်းကြောင့် သေဆုံး ဒဏ်ရာရရှိသော ရေမဆေးသမားများကို အစိုးရမှ တာဝန်ယူ ကူညီ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရပါသည်။

ယခုလက်ရှိ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့မှ ဦးဆောင်ပြီး ကျောက်စိမ်း လုပ်ငန်းရှင်များနှင့် ရပ်ကွက်သူဌေးများ ပေးသော အလှူငွေဖြင့် သေဆုံးသူမိသားစုများကို ကျပ် ၃သိန်း၊ ဆေးကုသခံယူမိသားစုများကို ကျပ် ၁ သိန်း စီဖြင့် ဇူလိုင် (၁၅)ရက်နေ့တွင် ပေးအပ်ခဲ့ကြောင်း မရက ဥက္ကဌ က အတည်ပြု ခဲ့သည် ဟု ဖားကန့်ဒေသရှိ အလွတ်တန်း သတင်းထောက် ကိုဇော်မိုးထက် ထံမှသိရသည်။

အလောင်းမပေါ်သေးသော ပျောက်ဆုံးမှုစာရင်း တိုင်ကြားထားသော မိသားစုများကို ထောက်ပံ့ကြေးပေး မပေးကို မသိရသေးကြောင်း ကိုဇော်မိုးထက် ပြောသည်။

မြေပြိုမှုကြောင့် သေဆုံး ဒဏ်ရာရရှိသူများ၏ စားရင်းဇယားများကို ပြုစုနေဆဲ ဖြစ်သောကြောင့် အစိုးရမှ တာဝန် ယူ ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း ကို အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဖားကန့်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦး Dashi La Seng က ယခုလို ကချင်သတင်းဌာန KNG ကို ပြောသည်။

“ဖားကန့်က တာဝန်ရှိသူတွေက အစိုးရကို သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေရဲ့စာရင်းဇယား ကောင်းကောင်း တင်ပြမှု မရှိသေးလို့ထင်တယ်။ အခု ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး အဖွဲ့ကလည်း အစိုးရအမိန့်ကြောင့် ဆောင်ရွက်တယ် လို့ယုံကြည်တယ်။ အရင်တုန်းကလည်း လူပြန်ကယ်ဝန်ကြီးဌာန က တဆင့် ကူညီတာလည်းလည်းရှိတယ်။”

ဇူလိုင် (၁၄)ရက် စနေနေ့ ဆန်ခါမှော် တစ်သုံးလုံး ကုမ္ပဏီ နှင့် မဟာ ကုမ္ပဏီကြား ဖြစ်ပွားခဲ့သော တောင်ကမ်းပါး ပြိုကျမှုတွင် လူ (၁၇)ဦး သေဆုံးပြီး (၆၃)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လ အထိ ဖားကန့်ကျောက်စိမ်းမှော်တွင် မြေပြိုမှု (၁၁)ကြိမ် ရှိပြီ ဖြစ်ကာ သေဆုံး ထိခိုက်မှုသည် ယခုအကြိမ် အများဆုံးနှင့် အဆိုးရွားဆုံးဖြစ်သည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...