ကာချုပ်၏ မိန့်ခွန်းကို ကချင်အရပ်ဖက်အဖွဲ့အစည်းများ ရှုံ့ချ

ကာချုပ်၏ မိန့်ခွန်းကို ကချင်အရပ်ဖက်အဖွဲ့အစည်းများ ရှုံ့ချ

ကချင်တော်လှန်ရေး သည် ဘာသာရေးကို အခြခံပြီး ပေါ်ပေါက်လာခြင်းဖြစ်သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန့်ကို လက်မခံ ရှုံ့ချကြောင်း ကချင်အရပ်ဘက်လူမှုဖွဲ့အစည်းများ ဇူလိုင် (၁၆)ရက်နေ့ သဘောထား ထုတ်ပြန်လိုက်သည်။

‘ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေး တပ်မတော် KIO/KIA အဖွဲ့သည် နိုင်ငံရေး လိုအပ်ချက်အရ ကချင်လူထု၏ အခွင့်အရေးကို ကာကွယ်ရပ်တည်ပေးရန်အတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး၊ ၁၉၄၇ ခုနှစ် ပင်လုံသဘောတူညီချက်အတိုင်း တာဝန်ရှိ အစိုးရမှ အကောင်အထည် ဖော်ပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် ကချင်လူထုနှင့် တိုင်းရင်းသား တန်းတူအခွင့်အရေး ရရှိရန် ရည်ရွယ်ချက်ဖြင့် ၁၉၆၀ ခုနှစ်တွင် KIO/KIA ကို စတင်တည်ထူထောင်ခဲ့ခြင်းကို နားလည်သဘောပေါက်ကြောင်း’ ပြည်တွင်းပြည်ပ ကချင်အရပ်ဘက်လူမှုအဖွဲ့အစည်း (၁၇)ဖွဲ့က ထုတ်ပြန်သည်။

“ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသွားတာက လက်တွေ့ အခြေအနေ နဲ့ တကယ့် သမိုင်းတစ်လျှောက်ဖြစ်ခဲ့တဲ့ အကြောင်းတွေကို သုံးသပ်ကြည့်ရင် မဟုတ်မမှန် ဖြစ်နေတဲ့အတွက် ကျမတို့ အနေနဲ့ လက်မခံဘူး။ အဲ့ဒီအတွက် ရှုံ့ချတယ်” ဟု မြစ်ကြီးနားမြို့ ကချင်အရပ်ဖက်အဖွဲ့အစည်းမှ ဒေါ် San Htoi ပြောသည်။

ထို့အပြင် ၁၉၉၄ ခုနှစ် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ချိ််န်တွင် အပစ်ခတ်ရပ်စဲရေးမှ ကောင်းမွန်သော အသီးအပွင့် ဖန်တီး မပေးနိုင်ဘဲ ပြည်သူလူထုဘဝ ပိုမိုနစ်နာလာသည့်အပေါ် KIO/KIA ခေါင်းဆောင်များ အစိုးရထံ တင်ပြခဲ့သော်လည်း တပ်မတော်မှ နိုင်ငံရေးအရ အဖြေရှာခြင်းမပြုဘဲ စစ်ရေးအရသာ တုန့်ပြန်ခဲ့သဖြင့် ယနေ့တိုင် စစ်ပွဲများ ဖြစ်ပွားကာ ပြည်သူလူထုမှ နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားနေရခြင်းဖြစ်ကြောင်း ပြောပါသည်။

၁၉၆၂ စစ်တပ် အာဏာသိမ်းချိန် မှစ၍ တိုင်းရင်းသားလူမျိုးစုများ အားလုံးနှင့် လက်နက်ကိုင််တိုက်ပွဲများ ဖြစ်ပွားခဲ့သူမှာ အစိုးရ အာဏာကို ရယူထားသော တပ်မတော်သာ ဖြစ်ကြောင်းကို ကမ္ဘာသိပင်ဖြစ်သည် ဟုပြောပါသည်။

၂၀၁၂ ခုနှစ် နောက်ပို်ိင်း ငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိနေသော်လည်း အခြား တစ်ဖက်တွင်မှု တပ်မတော်အနေဖြင့် ကချင်နှင့် ရှမ်းပြည်နယ်ဒေသများတွင် စစ်အင်အားတိုးချဲ့ခြင်းနှင့် စစ်ဆင်ရေး ပြုလုပ်ခြင်းများကို မရပ်မနား ပြုလုပ်နေလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်က ထောက်ပြထားသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...