ကျောက် ကုမ္ပဏီ မိုင်းဖောက်ခွဲမှုကြောင့် ဆန်ခါမှော် ကမ်းပါး ပြိုကျမှု ဖြစ်

ကျောက် ကုမ္ပဏီ မိုင်းဖောက်ခွဲမှုကြောင့် ဆန်ခါမှော် ကမ်းပါး ပြိုကျမှု ဖြစ်

လူအများအပြား သေဆုံး ဒဏ်ရာရရှိခဲ့သော ဖားကန့် ဆန်ခါမှော် တောင်ကမ်းပါး ပြိုကျမှုသည် ကျောက် ကုမ္ပဏီမှ မိုင်းဖောက်ခွဲခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများ ပြောဆိုနေကြပါသည်။

တောင်ကမ်းပါးပြိုခဲ့သော ဇူလိုင် (၁၄)ရက်နေ့ မနက်ပိုင်း (၁၀)နာရီခန့် တွင် ၁၁၁ (တစ်သုံးလုံး) ကျောက် ကုမ္ပဏီမှ မိုင်း ၂ ကြိမ် ဖောက်ခွဲခဲ့သည့်အတွက် နေ့လည်ပိုင်း ယခုလို ဖြစ်ရခြင်း ဖြစ်သည်ဟု ဒေသခံ ဦး Labya Naw Ji မှ ကချင်သတင်းဌာန KNG ကို ပြောသည်။

“အဓိကတော့ အဲဒီ မိုင်းဖောက်ခွဲမှုကြောင့် ဖြစ်တာပါ။ ဒီနှစ်လုံး တူးနေတာ ဘာမှမဖြစ်ဘူး။ နေအရမ်းပူနေတဲ့အချိန် ပြိုကျတယ်ဆိုတာ အံ့သြ စရာပါ။ အဲဒီနေရာနဲ့ မနီးအဝေး ပေ ၄၀၀ ကျော်လောက်မှာ ယမ်းအပြည့်နဲ့ ၂ ကြိမ်လောက် အပြင်း မိုင်းဖေါက်ခွဲတာ။ ဆိုတော့တုန်ခါမှု ဖြစ်တယ်။”

အဆိုပါ ဖြစ်စဉ်ကြောင့် လတ်တလော (၁၇)ဦး သေဆုံးပြီး (၆၃)ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ကယ်ဆယ်ရေး လုပ်ဆောင်ရာတွင်လည်း စက်အင်အား မလုံလောက်မှုကြောင့် ရပ်နားလိုက်ရကြောင်း လုံးခင်း အုပ်ချုပ်ရေးမှူး ဦး La Awng က ကချင်သတင်းဌာန KNG ကိုပြောသည်။

အစိုးရအနေဖြင့်လည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှုဆောင်ရွက်ချက်အဖြစ် ယမ်းအလွန်အကျွံသုံးစွဲမှုနှင့် မြေပြိုကျမှုကို စုံစမ်းစစ်ဆေးသင့်သည်ဟု ကချင်အမျိုးသားကွန်ကရက်ပါတီ KNC ပါတီ က ယနေ့ ထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...