နေပြည်တော်ရောက် ‘ဝ’ ခေါင်းဆောင်နှစ်ဦိး ဆေးကုသမှု ခံယူနေရ

နေပြည်တော်ရောက် ‘ဝ’ ခေါင်းဆောင်နှစ်ဦိး ဆေးကုသမှု ခံယူနေရ
by -
မင်းမင်း
UWSA ဒုဥက္ကဋ္ဌ(၃) ကျောက်ကော်အမ်း (ဓာတ်ပုံ- အီးပီအေ)
UWSA ဒုဥက္ကဋ္ဌ(၃) ကျောက်ကော်အမ်း (ဓာတ်ပုံ- အီးပီအေ)

 ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးသို့ တက်ရောက်နေသည့် ‘ဝ’ လက်နက်ကိုင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ(၃) ကျောက်ကော်အမ်းသည် နေပြည်တော်တွင် ယနေ့နံနက်ပိုင်းက ဆေးကုသမှုခံနေသည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေက အတည်ပြု ပြောကြားသည်။

“ဦးကျောက်ကော်အမ်းကတော့ သွေးထဲမှာ အချိုပေါ့နော်။ ဂလူးကို့စ်ဓာတ် နည်းသွားတယ်။ နည်းသွားပြီး သူက ခေါင်းနည်းနည်းမူးတယ်။ သို့သော် မနက်ကပဲ သူ့ကို ဂလူးကို့စ် နှစ်လုံး ထိုးပေးလိုက်တယ်။ ထိုးပေးပြီး ပိုပြီးစိတ်ချရအောင် ဆိုပြီးတော့ ဆေးရုံကို ပို့လိုက်တာပါ့။ ဘာမှစိုးရိမ်စရာ မရှိဘူး” ဟု ဦးဇော်ဋ္ဌေးက ပြောသည်။

UWSA မှ လားရှိုးမြို့ ဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းကလည်း ဒုဥက္ကဋ္ဌ(၃) ကျောက်ကော်အမ်းသည် သာမန်ကျန်းမာရေးစစ်ဆေးမှု ခံယူနေခြင်းသာဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း ဇူလိုင် ၁၃ရက်၊ နံနက် ၁၁နာရီတွင် မဇ္ဈိမကို ပြောသည်။

ယမန်နေ့ကလည်း UWSA ဒုဥက္ကဋ္ဌ(၂)ဖြစ်သူ ပေါက်ယူယိမှာ နှလုံးအားနည်းသောကြောင့် နေပြည်တော်ရှိ အရပ်ဘက်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရပြီး နောက်ထပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကျောက်ကော်အမ်းက ယနေ့ ထပ်မံ ဆေးကုသမှု ခံယူနေရခြင်း ဖြစ်သည်။

လက်ရှိတွင် ဦးပေါက်ယူယိအား တပ်မတော်မှ နှလုံးအထူးကု ဆရာဝန်ကြီးများက ကြည့်ရှုစောင့်ရှောက်လျက် ရှိသည်ဟုလည်း ဦးဇော်ဋ္ဌေးက ပြောသည်။

“ဦးပေါက်ယူယိ ကိစ္စကတော့ နှလုံးပေါ့နော်။ အခုတော့ အရပ်ဘက်ဆေးရုံမှာရှိတဲ့ ပါရဂူတော့ ရှိတယ်။ သို့သော် ပိုပြီးတော့ ကျွမ်းကျင်၊ ပိုပြီးတော့ ဝါရင့်တဲ့ သမားတော်ပေါ့နော်။ သမားတော်ကိုတော့ တပ်မတော်ဘက်မှာ ရှိတယ်။ အဲ့တော့ တပ်မတော်ဘက်က နှလုံးအထူးကုကို အဲ့ဒီဆေးရုံကို လွတ်ထားပါတယ်” ဟု ၎င်းက ဆိုသည်။

၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ တက်ရောက်ရန် မြောက်ပိုင်းလက်နက်ကိုင်ခုနှစ်ဖွဲ့မှ ကိုယ်စားလှယ်များက ဇူလိုင် ၁ဝရက်နေ့ကတည်းက နေပြည်တော်သို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး ‘ဝ’ လက်နက်ကိုင်အဖွဲ့တွင် ပေါက်ယူယိနှင့် ကျောက်ကော်အမ်းတို့ ဦးဆောင်ပြီး တက်ရောက်လာခြင်း ဖြစ်သည်။

ယမန်နေ့က UWSA အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်ခေါင်းဆောင်များနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြပြီး ထိုတွေ့ဆုံပွဲသို့ ကျောက်ကော်အမ်းလည်း တက်ရောက်ခဲ့သည်။

နေပြည်တော်ရောက် ‘ဝ’ လက်နက်ကိုင်အဖွဲ့သည် ဇူလိုင်(၁၄)ရက်တွင် ပြန်ရန် မူလက စီစဉ်ထားပြီး ဒုဥက္ကဋ္ဌ နှစ်ဦး၏ ကျန်းမာရေးအခြေအနေအရ ပြန်မည့်ရက် ရွှေ့၊ မရွှေ့ကို အတည်မပြုနိုင်သေးပေ။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...