သြစတြေးလျ ကချင်အဖွဲ့အစည်းမှ ကဆုန်စစ်ရှောင်များကို ကျပ် (၇၅)သိန်း ကူညီ

သြစတြေးလျ ကချင်အဖွဲ့အစည်းမှ ကဆုန်စစ်ရှောင်များကို ကျပ် (၇၅)သိန်း ကူညီ

သြစတြေးလျ နိုင်ငံရောက် ကချင်အမျိုးသားများ က ၎င်းတို့ ရှာဖွေရရှိသော ရံပုံငွေနှင့် အခြား မြန်မာတိုင်းရင်းသားများ ပေးလှူသော စုစုပေါင်း ကျပ်ငွေ ပမာဏ (၇၅)သိန်း ကို ကချင်ပြည်နယ် ကဆုန်စစ်ရှောင်များကို ကူညီပေးခဲ့သည်။

နမ္မတီးမြို့ရှိ စစ်ရှောင်စခန်း (၃)နေရာကို ကျပ် (၂၅)သိန်း စီဖြင့် ဇူလိုင် (၁၀) ရက်နေ့ ခွဲဝေပေးခဲ့သည်ဟု အဆိုပါငွေကို လက်ခံ ခွဲဝေပေးခဲ့သည့် စစ်ရှောင် ကူညီပေးနေသူ ဦး Nhkang La ပြောသည်။



မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA ကြား ဒုတိယအကြိမ် ဖြစ်ပွားသော ကဆုန်တိုက်ပွဲ ကြောင့် စစ်ရှောင် ၁၀၇၂ ဦးသည် ဧပြီ လဆန်းကတည်းက နမ္မတီးမြို့ကို ထွက်ပြေးလာခြင်းဖြစ်သည်။ ယခုချိန် ၎င်းတို့သည် ကက်သလစ်အသင်းတော် မြို့ဦး စခန်းတွင် (၂၁၆)ဦးနှင့် လမ်းခွ စခန်းတွင် (၃၇၀)ဦး၊ လမ်းခွ နှစ်ခြင်းအသင်းတော် စခန်းတွင် (၄၈၆)ဦး စသည်ဖြင့် အသီးသီး ခိုလှုံနေကြသည်။



သြစတြးလျ Kachin Association Victoria (KAV) နှင့် မြန်မာတိုင်းရင်းသားများမှ ယခုလို လူသားချင်းစာနာထောက်ထားမှု အကူအညီ လက်ခံရရှိခြင်းကို အထူးဝမ်းမြောက်ကြောင်း ဦး Nhkang La ဆိုသည်။



ကချင်ပြည်နယ် တိုက်ပွဲကြောင့် ဒုက္ခရောက်နေသော စစ်ရှောင်မိသားစုများကို ကူညီပေးနိုင်ရန် KAV က စျေးရောင်းပွဲတော် နှင့် ဖျော်ဖြေရေးများ ပြုလုပ်ပြီး ရရှိသော ရံပုံငွေကို ကူညီပေးခဲ့ခြင်းဖြစ်သည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...