ဖြစ်ပွားနေသောတိုက်ပွဲများ အရှိန်လျှော့ချရေး မြောက်ပိုင်းသုံးဖွဲ့နှင့်တပ်ချုပ် ဆွေးနွေးမည်

ဖြစ်ပွားနေသောတိုက်ပွဲများ အရှိန်လျှော့ချရေး မြောက်ပိုင်းသုံးဖွဲ့နှင့်တပ်ချုပ် ဆွေးနွေးမည်
by -
အောင်မြတ်သူ

 မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်သော AA၊ TNLA၊ MNDAA အဖွဲ့များနှင့် ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ရေးအရှိန်လျော့ချရေးအတွက် ယနေ့ဇူလိုင်လ ၁၁ရက် နေ့လည်ပိုင်းတွင် ဆွေးနွေးသွားမည် ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

"အဓိကကတော့ ကျွန်တော်တို့ မြောက်ပိုင်း ခုနစ်ဖွဲ့မှာ တိုက်ပွဲဖြစ်နေတဲ့ KIA/KIO နဲ့လည်း တပ်ပိုင်းဆိုင်ရာ ဆွေးနွေးဖို့ ရှိတယ်။ နောက် ဟိုသုံးဖွဲ့ပေါ့နော်။ AA/ TNLA / MNDAA အဲ့သုံးဖွဲ့နဲ့လည်း တိုက်ပွဲတွေ လျော့ချရေးနဲ့ လည်း အဓိကထားပြီး ဆွေးနွေးဖို့ရှိတယ်။ ၀ ၊ မိုင်းလား SSPP ကျရင်တော့ ကျွန်တော်တို့က NCA ရေးထိုးဖို့ အဲဒါမျိုး ဆွေးနွေးဖို့တော့ ရှိတယ်" ဟု ဦးဇော်ဌေးက ပြောသည်။

ယနေ့ ဇူလိုင်လ ၁၁ရက်နေ့ နေပြည်တော်ရှိ MICC 2ခန်းမတွင်ပြုလုပ်ခဲ့သည့် ၂၁ရာစုပင်လုံ တတိယ အစည်းအဝေးဖွင့်ပွဲ အပြီးတွင် ဦးဇော်ဌေးက မီဒီယာများကို ပြောခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့ဖြစ်သည့် UWSA၊ KIA၊ NDAA၊ SSPP၊ TNLA၊ MNDAA နှင့် AA စသည့်အဖွဲ့များသည် ယနေ့ တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်တွေ့ဆုံပြီး ဇူလိုင်လ ၁၂ ရက် တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း ၄င်းက ဆက်လက်ပြောသည်။

အဆိုပါ အဖွဲ့များကို အစိုးရပိုင်းအဖွဲ့အနေဖြင့် NCAစာချုပ်တွင် ပါလာရန်နှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါလာရန် ကြိုးပမ်းနေသည့်အတွက် အစိုးရအဖွဲ့အနေဖြင့် တွေ့ဆုံတာဖြစ်ကြောင်း ဦးဇော်ဌေးက ဆက်လက်ပြောသည်။

"ဒီညီလာခံကိို လာတဲ့ အချိန်က ညီလာခံကို တက်ရောက်ရုံတင်မဟုတ်ဘူး။နိုင်ငံတော် အကြီးအကဲတွေနဲ့ တွေ့မယ်။ နောက်ပြီး တပ်မတော်အကြီးအကဲတွေနဲ့ တွေ့မယ်။ တွေ့မှာဖြစ်တဲ့ အတွက် ညီလာခံကို အကြောင်းပြုပြီးတော့ ဆွေးနွေးရေးပေါ့နော်။ အဓိက ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့  အခွင့်အလမ်းကို ခေါ်တာဖြစ်တယ်။ အဲ့ဒီတော့ အရေးပါတဲ့ခေါင်းဆောင်တွေ တက်ပေးပါဆိုပြီး ကျွန်တော်တို့ ညှိတော့ ကေအိုင်အေဆိုရင်လည်း ဗိုလ်ချုပ်ဂွမ်မော်တို့ ခေါင်းဆောင်တွေပြန်ပြီးတော့ တက်ရောက်တာပေါ့နော်။  အလားတူပဲ ကျန်တဲ့အဖွဲ့တွေလည်း သူ့ဟာနဲ့သူ ဒုတိယ ဥက္ကဋ္ဌတို့  တက်တယ်ပေါ့နော်။ တက်တော့ ကျတော့ ကျွန်တော်တို့ တွေ့ပြီဆိုရင် ဆွေးနွေးနိုင်ဖို့  မူလကတည်းက စီစဉ်ထားတယ်"ဟု ဦးဇော်ဌေးက ဆိုသည်။

လက်ရှိတွင် အဆိုပါ အဖွဲ့များအပြင် ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ(KNPP)နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...