နယူးဒေလီရောက် ဒုက္ခသည်များ UNHCR ကို ကန့်ကွက်ဆန္ဒပြမည်

နယူးဒေလီရောက် ဒုက္ခသည်များ UNHCR ကို ကန့်ကွက်ဆန္ဒပြမည်

မလေးရှားနှင့် အိန္ဒိယနိုင်ငံတို့တွင် ရောက်ရှိနေကြသည့် ချင်းလူမျိူးများကို ဒုက္ခသည်အဖြစ် ခိုလုံခွင့်ပြုတော့မည်မဟုတ် ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ထုတ်ပြန်ချက်ကို လက်မခံနိုင်သည့်အနေဖြင့် အိန္ဒိယနိုင်ငံ နယူးဒေလီရောက် ဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းများမှ ကန့်ကွက်ဆန္ဒပြကြမည်ဟု သိရသည်။

Chin Refugee Committee (CRC) ဥက္ကဌ Remmawi က “ချင်းဒုက္ခသည်များအပေါ် UNHCR ထုတ်ပြန်ချက်ကို လုံးဝလက်ခံလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့နိုင်ငံဟာ အတွင်းကျကျမသိရင်မရဘူး။ အပေါ်ယံအားဖြင့်တော့ ကောင်းတယ်ထင်ရပေမယ့် အတွင်းကျကျမသိကျဘူးလို့ကျမတို့ ယူဆတယ်။ ဒီထုတ်ပြန်ချက်က ဒုက္ခသည်များကို အတင်း force လုပ်တယ်လို့ ကျမတို့ ယူဆတဲ့အတွက် လက်မခံနိုင်တဲ့ အကြောင်းကို ပြတဲ့အနေနဲ့ ခုလို စီစဉ်ရခြင်းဖြစ်တယ်။ ရက်အတိအကျတော့ ဆုံးဖြတ်ချက်မချရသေးဘူး၊ ဇူလိုင်လကုန်ပိုင်းမှာ လုပ်ဖို့ရှိတယ်” ဟု ပြောသည်။

အိန္ဒိယနိုင်ငံ နယူဒေလီမြို့တွင် တိုင်းရင်းသားအသီးသီးမှ ဒုက္ခသည်အဖြစ် လာရောက်ခိုလှုံသူများစွာ ရှိနေပေမည့် ယခုလက်ရှိ အခြေအနေတွင် ချင်းလူမျိုး ဒုက္ခသည်အဖြစ် နေထိုင်သူ စုစုပေါင်း ၃၀၀၀ မှ ၃၅၀၀ ဝန်းကျင့်ခန့်ရှိကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ကလည်း UNHCR ၏ ထုတ်ပြန်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် မလေးရှားနိုင်ငံ UNHCR ရုံးရှေ့တွင် ရာနဲ့ချီသော ချင်းလူမျိုးများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

UNHCR ၏ ထုတ်ပြန်ချက်တွင် ဒုက္ခသည်များအနေဖြင့် ရွေးချယ်စရာနည်းလမ်း ၂ ခုရှိပြီး ပထမတစ်ခုမှာ လက်ရှိကိုင်ဆောင်ထားသော UN Register Card ကို ၂၀၁၉ ဒီဇင်ဘာလ (၃၁) အထိ ကိုင်ဆောင်ခွင့်ပေးမှာဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီလ (၁) ရက်နေ့တွင် အဆိုပါ Card သည် အလိုအလျောက် ရပ်ဆိုင်းခံရမည်ဖြစ်သည်။

ဒုတိယတစ်ချက်မှာ နိုင်ငံတကာ၏အကာကွယ်ပေးမှု ဆက်လက်လိုအပ်သေးသည်ဟု မိမိကိုယ့်ကိုယူဆလျင် UNHCR နဲ့ တွေ့ဆုံ မေးမြန်းခြင်းခံယူရမည်ဖြစ်ပြီး နှစ်လအတွင်း အကြောင်းပြန်ကြားမည်ဖြစ်သည်။ ယင်းအကြောင်းပြန်ကြားချက်ပေါ်မူတည်ပြီး ယခုလက်ရှိနေထိုင်သည့်နိုင်ငံတွင် ဆက်နေဖို့ဖြစ်စေ၊ တတိယနိုင်ငံကိုထွက်ခွါ ဖို့ဖြစ်စေ၊ မြန်မာနိုင်ငံကို ပြန်ဖို့ဖြစ်စေ ဆုံးဖြတ်သွားရ မည်ဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...