ချင်း ဒေသခံတိုင်းရင်းသားပါတီများကို ဦးစားပေးသည့်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွှတ်တော်နေရာဝင်ပြိုင်မည်မဟုတ်ဟုဆို

ချင်း ဒေသခံတိုင်းရင်းသားပါတီများကို ဦးစားပေးသည့်အနေဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်လွှတ်တော်နေရာဝင်ပြိုင်မည်မဟုတ်ဟုဆို

ချင်းပြည်နယ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲနေရာအတွက် မဲဆန္ဒနယ် နှစ်နေရာလစ်လပ်သော်လည်းပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်နယ်လွှတ်တော်နေရာကို ဒေသခံတိုင်းရင်းသားပါတီကို ဦးစားပေးသည့်အနေဖြင့် ဝင်ပြိုင်မည်မဟုတ်ပဲ ပြည်သူ့လွှတ်တော်နေရာအတွက်သာ ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌဒေါက်တာမှုထန်းကပြောသည်။

ချင်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဒေါက်တာမှုန်ထန်းက “ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီကတော့ ပြည်နယ်လွှတ်တော် နေရာအတွက် ဘယ်ပြည်နယ်မဆို ဒေသခံတိုင်းရင်းသားပါတီတွေကိုဘဲဦးစားပေးမယ် ကျွန်တော်တို့ဝင်မပြိုင်ဘူး”ဟုပြောသည်။

ချင်းပြည်နယ်အတွင်း မတူပီမြို့နယ်တွင် ပြည်နယ်လွှတ်တော်နေရာနှင့် ကန်ပက်လက်မြို့နယ်တွင် ပြည်သူ့လွှတ်တော်နေရာ လစ်လပ်နေခြင်းဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကန်ပက်လက်မြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင်သာ ဝင်ပြိုင်မည်ဖြစ်သည်။

လစ်လပ်သည့် မဲဆန္ဒနယ်နှစ်နေရာအနက် တစ်နေရာတွင်သာ ဝင်ပြိုင်မည့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကန်ပက်လက် ပြည်သူ့လွှတ်တော်နေရာအတွက် ဦးမနားနိုင်းဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ဦးမနားနိုင်းသည် ယခင်အစိုးရသက်တမ်းအတွင်း ကန်ပက်လက်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လက်ရှိအချိန်တွင် ကန်ပက်လက် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဌ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် ချင်းပြည်နယ်တွင်း အဲန်အယ်ဒီပါတီမှ အများစုအနိုင်ရရှိပြီး ပြည်ခိုင်ဖြိုးပါတီ၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ လည်းအနှိုင်ရရှိခဲ့ကာ အခြားပါတီများ တစ်နေရာမှ အနိုင်မရရှိခဲ့ကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...