ပြည်သူ့ပါတီအမည်ဖြင့် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မှတ်ပုံတင်

ပြည်သူ့ပါတီအမည်ဖြင့် ရွေးကောက်ပွဲကော်မရှင်ရုံးတွင် မှတ်ပုံတင်
by -
အောင်မြတ်သူ
(Photo-EPA/HEIN HTET)
(Photo-EPA/HEIN HTET)

ပါတီ အမည်ပေးမှုနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ရာများရှိခဲ့သည့် ရှစ်လေးလုံးပြည်သူ့ပါတီကို ပြည်သူ့ပါတီဟု အမည်ပြောင်းလဲသတ်မှတ်ရန် ဇူလိုင်လ ၈ ရက်နေ့က မန္တလေးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပါတီအမည်၊ အလံနှင့်အမှတ်တံဆိပ်ပြောင်းလဲခြင်းကို နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီအစည်းအဝေး တတိယအကြိမ် စုံညီအစည်းအဝေးအပြီးတွင် ယခုကဲ့သို့ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

“ကျွန်တော်တို့က ကော်မရှင်ကနေပြီးတော့ ကျွန်တော်တို့ အကြောင်းကြားချက်အရ ဇူလိုင်လ ၁၃ရက်နေ့ မတိုင်ခင် တင်ရမယ်ဆိုတဲ့အတွက် ဒါ ကျွန်တော်တို့ ပါတီရဲ့ မနေ့က မန္တလေး ဆုံးဖြတ်ချက်အရသာ ကျွန်တော်တို့ လာတင်တာပါ” ဟု ပြည်သူ့ပါတီ ဒုတိယခေါင်းဆောင် ဦးရဲနိုင်အောင်က ပြောသည်။

ရှစ်လေးလုံးပြည်သူ့ပါတီအနေဖြင့် ဇူလိုင်လ ၁၃ ရက်မတိုင်မီ ပါတီနာမည်၊ အလံနှင့်အမှတ်တံဆိပ်များကို ရွေးကောက်ပွဲကော်မရှင်သို့ တင်သွင်းခြင်းမရှိပါက ပါတီထူထောင်ခွင့် အလိုအလျောက် ပျက်ပြယ်သွားမည် ဖြစ်သောကြောင့် ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် ပြည်သူ့ပါတီဟု ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ပါတီအမည်၊ အလံတံဆိပ်နှင့် အမှတ်တံဆိပ်များကို လာရောက် မှတ်ပုံတင်ခြင်း ဖြစ်သည်။

“လုပ်ထုံးလုပ်နည်းအရတော့ ဒါတင်ပြီးသွားတယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ကနေ ဒီရက်ပိုင်းအတွင်းကို သတင်းစာတွေကနေ ကန့်ကွက်ရန်ရှိမရှိ ပေါ့နော်။ အဲဒါ ထည့်မယ်။ အဲဒါ ထည့်ပြီးသွားရင် ပြည်ထဲရေးကို ကျွန်တေ်ာတို့ ပါတီရဲ့ အမည်အမှတ်တံဆိပ် အလံနဲ့ ပတ်သက်လို့ သူတို့ရဲ့ သဘောထားထင်မြင်ချက် တွေ တောင်းမယ် ။ အဲဒါ ပြီးသွားရင်တော့ ဒါ ကျွန်တော်တို့ အကုန်လုံးကင်းရှင်းမယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်”ဟု ဦးရဲနိုင်အောင်က ဆက်လက်ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ထံတွင် ပြည်သူ့ပါတီဆိုသည့် အမည်ဖြင့် ခွင့်ပြုပြီး သို့မဟုတ် လျှောက်ထားဆဲ စသည့်ကိစ္စရပ်များမရှိသည့်အတွက် ယခုတစ်ကြိမ်တွင် သတ်မှတ်ထားသည့်လုပ်ထုံးလုပ်နည်းများနှင့် အညီ ယခုလပိုင်းအတွင်း ပြန်လည်ခွင့်ပြုမည်ဟု မျှော်လင့်ထားကြောင်း ၄င်းက ဆက်လက်ပြောသည်။

ယခင်က ရှစ်လေးလုံးပြည်သူ့ပါတီအမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ဖြင့် ပါတီထူထောင်ရန် ရွေးကောက်ပွဲ ကော်မရှင်တွင် တင်ပြထားပြီး ကော်မရှင်မှ ထို အမည်၊ အလံနှင့် အမှတ်တံဆိပ်များကို ကန့်ကွက်နိုင်ကြောင်း ကြေညာပြီးနောက် လက်မှတ်ထိုးကန့်ကွက်သူ ၂ဝဝကျော်ရှိခဲ့သည်။

ထိုသို့ အမည်၊တံဆိပ်နှင့် အလံများ ပြောင်းလဲရန် ကော်မရှင်မှ ဆုံးဖြတ်ချက်များသည် ဥပဒေ၏ သတ်မှတ်ပြဌာန်းချက်များနှင့် မညီကြောင်း နိုင်ငံရေးပါတီဖြစ်မြောက်ရေးကော်မတီမှ 

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...