ကျူးကျော် တရုတ်ငှက်ပျောခြံထဲ ဒေသခံများ နှစ်ရှည်ပင် စိုက်ပျိုး

ကျူးကျော် တရုတ်ငှက်ပျောခြံထဲ ဒေသခံများ နှစ်ရှည်ပင် စိုက်ပျိုး

စစ်ရှောင်များ၏ မြေနေရာများပေါ် မတရားကျူးကျော်စိုက်ပျိုးလာသော တရုတ် သစ်သျှူးငှက်ပျော ကုမ္ပဏီ နေရာများတွင် ဝိုင်းမော်မြို့နယ် ဆမားဒေသခံ မြေယာကာကွယ်ရေးအဖွဲ့ က ဇူလိုင်လ ၄ ရက်နေ့ တွင် နှစ်ရှည်ပင်များ သွားရောက်စိုက်ပျိုးခဲ့ပါသည်။

Ga Ra Yang (ဂါးရာယန်) နှင့် ရွှေညောင်ပင် ကျေးရွာကြားရှိ မြေဧက ၁၀၀၀ ကျော်ကို ဒေသခံများ၏ ခွင့်ပြုချက်မရဘဲ တရုတ်ကုမ္ပဏီက သိမ်းပိုက်ကာ ငှက်ပျော စိုက်ပျိုးထားသည့်အတွက် စစ်ရှောင်စခန်းတွင်ရှိနေသော ဒေသခံ၂၀၀ ခန့်နှင့် မြို့နယ် သစ်တောအဖွဲ့ ပါဝင်ကာ ကျွန်းပင်၊ ပျဉ်းကတိုး စသည့် အပင်ပေါင်း ၇၀၀၀ ကျော် စိုက်ပျိုးခဲ့ပါသည်။

ကိုယ်ဒေသကို ကိုယ်ကာကွယ်ရန် အစိုးရ သစ်တောဌာန နှင့် ပထမဆုံးအကြိမ် လုပ်ရှားမှု စတင်ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဆမားဒေသ မြေယာ ကာကွယ်ရေး ခေါင်းဆောင် သိက္ခာတော်ရဆရာ Naw Bawk မှ ယခုလို ပြောခဲ့သည်။

“ကျနော်တို့ စစ်ရှောင်နေတဲ့အချိန် နေရပ်မပြန်နိုင်သေးသရွှေ့ ဘာမှ မစိုက်ပေးဖို့၊ ကိုယ့်ဒေသ မြေယာတွေကို ကာကွယ်ပေးဖို့ ကော်မတီ ဖွဲ့ထားပါတယ်။ ငှက်ပျောမစိုက်ဖို့လည်း ကျနောတို့ ခဏခဏ တောင်းဆိုပြီးပါပြီ။ ဒါပေမယ့် သက်ဆိုင်ရာက ဘယ်သူနဲ့ တိုင်ပင်ပြီး လုပ်နေလဲမသိ။ ကျနော်တို့ ဒေသခံ မြေယာကာကွယ်ရေးအဖွဲ့တွေနဲ့တော့ ဘာမှ တိုင်ပင်တာမရှိဘူး။ ဒါကြောင့်လည်း တတ်နိုင်သလောက် သစ်တော်နဲ့ပေါင်းပြီး ကိုယ့်ဒေသကို ကာကွယ်တဲ့အနေနဲ့ အခုလို လုပ်ဖြစ်လာတာပါ။”

ယမန်နေ့ အစီစဉ်ကို မြို့နယ် သစ်တောဦးစီးမှူး ဦးနိုင်လွင် ကိုယ်တိုင်တက်ရောက်ပါဝင်ပြီး ‘သစ်ပင်များ ပေါက်ရောက်မှ စိမ်းလန်းပြီး သဘာဝ ပတ်ဝန်းကျင် ပြန်လည်ကောင်းမှာဖြစ်တဲ့အတွက် အပင်တိုင်းရှင်အောင် စိုက်ကြဖို့’ ပြောသွားခဲ့ပါသည်။

အစီစဉ်တွင် တရုတ်ကုမ္ပဏီမှ စိုက်ပျိုးထားပြီ ဖြစ်သော ငှက်ပျောပင်များကို မထိခိုက်ဘဲ မိမိစိုက်လိုသော နှစ်ရှည်ပင်များကိုသာ စိုက်ပျိုးသွားသည်ကို တွေ့ရပါသည်။

ကချင်ပြည်နယ်ရှိ တရုတ်ငှက်ပျော်ကိစ္စကို အစိုးရအဖွဲ့မှလည်း တရားဝင် ခွင့်ပြုထားခြင်း မရှိသည့်အပြင်၊ ပြုလုပ်နေသူများကိုလည်း အရေးယူရန် ခက်ခဲကြောင်း ဝန်ကြီးချုပ်ဒေါက်တာ Hkyet Awng မှ တရားဝင် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...