ချင်းပြည်နယ်အတွင်း မဏ္ဍိုင်သုံးရပ်အပေါ် ပြည်သူများအမြင် စစ်တမ်းစာအုပ်မိတ်ဆက်ပွဲပြုလုပ်

ချင်းပြည်နယ်အတွင်း မဏ္ဍိုင်သုံးရပ်အပေါ် ပြည်သူများအမြင် စစ်တမ်းစာအုပ်မိတ်ဆက်ပွဲပြုလုပ်

ချင်းပြည်နယ်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်များအပေါ် ချင်းပြည်သူများ၏ အမြင် (သုတေသနစစ်တမ်း) စာအုပ်မိတ်ဆက်ပွဲကို ဇူလိုင်လ (၂) ရက်နေ့က ကလေးမြို့ကံသူရစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

စာအုပ်ထုတ်ရခြင်းရည်ရွယ်ချက်နှင့် ပတ်သက်ပြီး (CNRWG)မှ ဒါရိုက်တာဦးလျန်တွောင် က " ကျွန်တော်တို့သုတေသနစစ်တမ်း စာအုပ်ထုတ်လိုက်တော့ အစိုးရကသူ့ရဲ့အားနည်းချက်တွေကို ပြင်ဆင်လို့ ရမယ်။ ပြီးတော့ CSOs / NGO အဖွဲ့ အစည်းတွေကလည်း လိုအပ်ချက်တွေကို မြင်တယ်ဆိုရင်သူတို့မှာ လုပ်စရာရှိတဲ့ဟာ၊ လုပ်သင့်တဲ့ ဟာကို မြင်သွားလိမ့် မယ်လို့ ယူဆတယ်၊ အဓိကတော့ ပြည်နယ်အစိုးရက အားကောင်းတဲ့ အစိုးရ၊ စွမ်းဆောင်ရည်ပြည့်ဝတဲ့ အစိုးရ ပြည်သူတွေအားကိုးတဲ့ အစိုးရဖြစ်စေချင်တာဖြစ်တယ်” ဟုပြောသည်။

အစိုးရသက်တမ်း နှစ်နှစ်ကျော်ကြာလာပြီးနောက်ပိုင်း ချင်းပြည်သူများမှ အစိုးရအပေါ် မျော်လင့်ချက်များပြည့်မပြည့်၊ အစိုးရနှင့် ပြည်သူကြားဆက်ဆံရေးအခြေအနေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအပေါ် ပြည်သူများ၏ အမြင်၊ အခွန်ပေးဆောင်မှုအပေါ် ပြည်သူများအမြင် များနှင့်ပတ်သက်ပြီး စစ်တမ်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယခုစစ်တမ်းကို ချင်းပြည်နယ် ကိုးမြို့နယ်အားလုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလွှာပေါင်းစုံမှ လူပေါင်း ၁၀၀၀ နီးပါးအားမေးခွန်းမေးမြန်း ခဲ့ခြင်းဖြစ်သည်။

သုတေသနစစ်တမ်းစာအုပ် အုပ်ရေ ၅၀၀၀ ထုတ်ဝေခဲ့ပြီး ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများထံဆက်လက်ဖြန့်ဝေသွားမည်ဖြစ်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...