လွိုင်ကော်တွင် ဗိုလ်​ချုပ်​​ကြေးရုပ်​စိုက်ထူရေးနှင့်ပတ်သက်ပြီး ရုန့်ရင်းဆန်ခတ်ဖြစ်

လွိုင်ကော်တွင် ဗိုလ်​ချုပ်​​ကြေးရုပ်​စိုက်ထူရေးနှင့်ပတ်သက်ပြီး ရုန့်ရင်းဆန်ခတ်ဖြစ်
by -
စိုးသူအောင်
Photo-Kayah Police
Photo-Kayah Police

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် တိုင်းအစိုးရမှ ဒေသခံများသဘောမတိုင်ပင်ဘဲ တည်ဆောက်နေသည် ဟုဆိုသော ဗိုလ်​ချုပ်​​ကြေးရုပ်​ကို မလိုလားသည့် ဆန္ဒပြသူများကိုရမှ တားဆီးသည့်အချိန်တွင် ရုန့်ရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့က ဆန္ဒပြတဲ့သူတွေရဲ့သဘောထားကိုမေးတော့ ဆက်သွားမယ်ဆိုတဲ့အတွက်ကြောင့် လက်နက်မပါဘဲ ဆက်သွားတဲ့အချိန်မှာ သေနတ်တွေနဲ့ နံပါတ်တုတ်တွေနဲ့ ရိုက်တယ်။ ဖြစ်တော့ ဖြစ်သွားတယ်ပေါ့ “ ဟု ဆန္ဒပြဦးဆောင်သူ ခွန်းဘားနဒ်ဘုတ်ကပြောသည်။

ဇူလိုင် ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် အင်အား ၁၀၀ လောက်ကလွိုင်ကော်မြို့ နာရီစင်မှစတင်ကာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမည့် ဂေန္ဓာဟေဝန် ပန်းခြံထိချီတတ်လာစဉ် ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။ သို့သော် ကြီးကြီးမားမားထိခိုက်မှုတော့မရှိခဲ့ဟု ခွန်းဘားနဒ်ဘုတ်က ပြောသည်။

ကယားပြည်နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးဖခင်ဖြစ်၍ ကြိုက်နှစ်သက်သူရှိသကဲ့သို့ ကယား(ကရင်နီ) ပြည်နယ်နှင့် ဗိုလ်ချုပ် သည် မသက်ဆိုင်ဟုယူဆကာ မနှစ်သက်သူများလည်း ရှိကြခြင်းလည်းဖြစ်သည်။

“ ကျွန်တော်တို့ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးအရ အမျိုးသားရေးအရလှုပ်ရှားဆောင်ရွက်ခဲ့ကြတဲ့သူရဲကောင်းတွေ ကိုတောင်မှ ပုံရိပ်မြင့်တင်နိုင်ခြင်းမရှိသေး တဲ့အခြေအနေမှာ မြင်တယ်ပေါ့။ နောက်တစ်ခုက ကတိကဝတ်တွေ တိုင်းရင်းသားတန်းတူရေးကိစ္စတွေ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စတွေ ဖက်ဒရယ်ကိစ္စတွေ ကိုမလုပ်သေးဘဲနဲ့ကတော့ မကြိုးစားသေးဘဲနဲ့က ဒီဗိုလ်ချုပ်ကြေးရုပ်ကိုလာထောင်တယ်ဆိုတာကတော့ မဖြစ်သင့်သေးဘူး။ ညှိနှိုင်းဖို့လိုသေးတယ်။ အချိန် ကာလတစ်ခုလိုသေးတယ်ဆိုတဲ့အမြင်နဲ့ကန့်ကွက်ရခြင်းဖြစ်တယ်ပေါ့ “ ဟု ဆန္ဒပြဦးဆောင်သူ ခွန်းဘားနဒ်ဘုတ်ကဆိုသည်။

ကြေးရုပ်တုကို လွိုင်ကော်မြို့ရှိ ကန္တာဟေဝန် ပန်းခြံထဲ၌ ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ အမီ စိုက်ထူသွားရန် ပြင်ဆင် ထားကြောင်း ကယားပြည်နယ် အစိုးရ အဖွဲ့ကပြောဆိုထားသည်။

ဗိုလ်ချုပ်ကြေးရုပ်တု ကရင်နီလူမှုရေး အဖွဲ့ ၇ ဖွဲ့က ၂၀၁၈ ခုနှစ်၊ ဇွန် ၁၈ ရက်၌ ကန့်ကွက်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

တိုင်းနှင့် ပြည်နယ်များ၌ ဗိုလ်ချုပ် အောင်ဆန်း ပုံတူကြေးရုပ်တုများကို စိုက်ထူခြင်း၊ စိုက်ထူရန် စီစဉ်ခြင်းများ ရှိနေပြီး ကယား ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင်လည်း ကန့်ကွက်မှုများ ရှိခဲ့ကြောင်း သိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...