မူလတန်းမှစတင်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်စီစဉ်

မူလတန်းမှစတင်ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန်စီစဉ်
by -
မိုးမြင့်ဇော်

မူလတန်း ပညာရေးသင်ကြားမှုတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပတ်သက်ပြီး ကိုယ်ကျင့်သိက္ခာ ပျက်ပြားခြင်းမရှိအောင် ကိုယ်ကျင့် သိက္ခာမြှင့်တင်ရေး လုပ်ငန်းစဉ်များကို ပညာပေးဖျော်ဖြေ ရေးလုပ်ငန်းစဉ်များနှင့် ပေါင်းစပ်ပြီး သင်ကြားရန် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ဇူလိုင် ၂ရက်တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)၌ ပြုလုပ်သည့် အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက် လက်မှတ်ရေးထိုးပွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် (ACC) ဥက္ကဋ္ဌ ဦးအောင်ကြည်ကပြောကြားခဲ့ခြင်းဖြစ်သည်။

"မူလတန်းပညာရေးကနေစပြီး ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး လုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ အခုစတုတ္ထအကြိမ်ဥပဒေပြင်ဆင်တဲ့ ထဲမှာလည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး တော့ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ဆိုတဲ့ ပြဌာန်းချက်တွေပါရှိ လာ တာဖြစ်ပါတယ်" ဟု ဦးအောင်ကြည် ကပြောသည်။

ကလေးငယ်များကို သင်ကြားရာတွင် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ကိုယ်ကျင့်သိက္ခာ ပျက်ပြားခြင်း မရှိအောင် ပညာပေးဖျော်ဖြေရေးလုပ်ငန်းစဉ်များ စတင်ဆောင်ရွက်သွားမည်   ဖြစ်သည်။ မြန်မာနိုင်ငံရှိ မူလ တန်းကျောင်းများကို သင်ကြားမှု ပရိုဂရမ်များဖြန့်ဝေပေးနိုင်ရန်အတွက် ပြုစုခြင်းများဆောင်ရွက်နေပြီး ယခုလအတွင်း ပြီးစီး မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပရိုဂရမ်များကို လာမည့် လအနည်းငယ်အတွင်း ပြည်တွင်း၌ရှိသော မူလတန်းကျောင်းအားလုံးသို့ ရောက်ရှိအောင် ပို့ဆောင် ပေးသွားမည်ဟု သိရသည်။ ကလေးသူငယ်များအနေဖြင့် အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး ဖြစ်ပွားလာနိုင်သော ကိုယ်ကျင့်သိက္ခာထိန်းသိမ်းမှုများ၊ ရိုးသားဖြောင့်မတ်ခြင်းများ၊ မှန်ကန်မျှတအောင်လုပ်ဆောင်ခြင်းများကို ဖျော်ဖြေရေးနှင့် ဆက်စပ်ပြီး သင်ကြားဆောင်ရွက်သွားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

မူလတန်းကလေးငယ်များကို အဂတိလိုက်စားမှုနှင့် ပတ်သက်သော သင်ကြားမှုတွင် ပုံပြင်များ၊ ကဗျာ များ၊ ပြဇာတ်များ၊ သီချင်းများဖြင့် ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေးလုပ်ငန်းများလုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

"လာဘ်ပေးလာဘ်ယူအားလုံး ငွေပါမှမဟုတ်ဘူး။ တကယ်တော့ အဂတိလိုက်စားမှုဟာ အလွဲသုံးစားလုပ် တာပဲ။ ဒါကြောင့် ကျွန်တော်တို့အဖွဲ့ဝင်အားလုံးသည် လုံးဝမပတ်သက်သင့်ဘူး" ဟုကုန်သည်စက်မှုအသင်းချုပ်၏  အကြံပေးပုဂ္ဂိုလ် ဒေါက်တာအောင်ထွန်းသက်ကပြောသည်။

အဂတိလိုက်စားမှု ပပျောက်ရန်အတွက် ပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံသားတိုင်း ပူးပေါင်း ဆောင်ရွက်ပြီးလုပ်ဆောင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်းသိရသည်။

"စီးပွားရေးလုပ်ငန်းရှင်တွေချည်းလည်းလုပ်လို့မရဘူး။ အများပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ပူးပေါင်း ပြီးတော့မှ နိုင်ငံသားတိုင်းကလုပ်မှသာ အောင်မြင်မယ့် ကိစ္စရပ်ဖြစ်တဲ့အတွက် အချိန်တော့ယူရပါမယ်" ဟု ပြည် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ကပြောသည်။

အဂတိလိုက်စားမှုများ တိုက်ဖျက်ရေးလုပ်ဆောင်ရာတွင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းစဉ်များသည် အ လွန်အရေးကြီးသည့်အတွက် ပြစ်မှုပြစ်ဒဏ်မဖြစ်ခင်ကြိုတင်ကာကွယ်သော နည်းလမ်းသည် ပိုမိုထိရောက် ပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...