၁၉၉၄ အပစ်ရပ် စာချုပ်အတိုင်း ဆက်သွားရန် တပ်မတော်နှင့် KIO ညှိနှိုင်း

၁၉၉၄ အပစ်ရပ် စာချုပ်အတိုင်း ဆက်သွားရန် တပ်မတော်နှင့် KIO ညှိနှိုင်း

ကချင်လွတ်လပ်ရေးအဖွဲ့ KIO သည် တပ်မတော်နှင့် လွန်ခဲ့သည့် ၁၉၉၄ အပစ်ရပ်စာချုပ် အတိုင်း ဆက်သွားရန် ညှိနှိုင်းမှုရှိခဲ့ကြောင်း ဇွန်လကုန်ပိုင်း အဖွဲ့အတွင်းအစည်းအဝေး တခုတွင် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြားခဲ့သည်။

KIO ထိန်းချုပ်နယ်မြေ တရုတ်နယ်စပ် မိုင်ဂျာယန်မြို့တွင် ဇွန်လ (၂၅)ရက်နေ့က ကချင်လွတ်လပ်ရေးကောင်စီ (KIC) ပါတီဝင် ၁၀၀၀ ခန့်အား ဗိုလ်ချုပ်ကြီး အင်ဘန်လ မိန့်ခွန်းပြောကြားခဲ့စဉ် ၎င်းကိစ္စရှင်းပြခဲ့သည်ဟု အစည်းအဝေး တက်ရောက်သူများ ကချင်သတင်းဌာန KNG ကို ပြောပါသည်။

အသစ်တဖန် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး စာချုပ် လက်မှတ်ထိုးစရာ မလိုဘဲ ၁၉၉၄ အပစ်ရပ် စာချုပ်မှာ နောက်ထပ် ကျယ်ပြန့်သည့် အခွင့်အရေးကိစ္စကို ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် အားဖြင့် တပ်မတော်နှင့် ညှိနှိုင်းနေသည်ဟု KIO ဥက္ကဌ က ပြောသည်ဟု ဆိုသည်။

ယခုလို ညှိနှိုင်းမှုကြောင့် ပြီးခဲ့သည့် မေလ အတွင်း KIA တပ်မဟာ (၁) အင်ဂျန်းယန်မြို့နယ် နှင့် တပ်မဟာ (၂) တနိုင်းမြို့နယ်မှာ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်နေသည့် တပ်မတော် စစ်ကြောင်းများ နောက်ဆုတ်ပေးခဲ့ကြောင်းလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လ ဆိုကြောင်း သိရသည်။

KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့ KIO ဗဟိုကော်မတီ ကိုယ်စားလှယ်အဖွဲ့သည် တပ်မတော် ကာကွယ်ရေး ဌာန အမတ် (၁) စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) မှူး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်တဲ့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် Dali မြို့မှာ ဖေဖေါ်ဝါရီ (၁)ရက်နေ့ တွေ့ဆုံခဲ့စဉ်ကလည်း အပစ်အခတ် ရပ်ရန် KIO ဘက်မှ ဆွေးနွေးခဲ့သည်။

သို့သော်လည်း တပ်မတော် ဘက်က လက်မခံသောကြောင့် နှစ်ဖက် တိုက်ပွဲများ မေလထိ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

တရုတ်ဖိအားကြောင့် ဆွေးနွေးခွင့်ရမည် မဟုတ်သော်လည်း KIO သည် လာမည့်အပတ် ဇူလိုင် (၁၁)ရက်နေ့ စတင်မည့် မြန်မာအစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး (၂၁)ရာစု တတိယအစည်းအဝေး ကို တက်ရောက်ရမှာဖြစ်သည်ဟု မိုင်ဂျာယန်အစည်းအဝေးမှာ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ပြောကြောင်း အစည်းအဝေးတက်ရောက်သူများမှ သိရသည်။

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...