ချင်းလွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒရှင်ပြည်သူနှင့် တွေ့ဆုံမှု နည်းကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ

ချင်းလွှတ်တော်ကိုယ်စားလှယ်များ မဲဆန္ဒရှင်ပြည်သူနှင့် တွေ့ဆုံမှု နည်းကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြ

ချင်းလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မဲဆန္ဒရှင်ပြည်သူများနှင့်တွေ့ဆုံမှု နည်းပါးခြင်း၊ လုပ်ဆောင်ချက်များကို ပြည်သူများထံသို့ ရှင်းလင်းတင်ပြခြင်း စသည့် ပြည်သူများနှင့် ထိတွေ့မှု အားနည်းသောကြောင့် ချင်းလွှတ်တော်ကိုယ်စားလှယ်များ၏ လှုပ်ရှားဆောင်ရွက်မှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ မဲဆန္ဒရှင်များမှ သိရှိမှုနည်းကြောင်း CNRWG မှ ပြုလုပ်သည့် စစ်တမ်းတွင်ဖော်ပြထားသည်။
 

မိမိဒေသရှိ လွှတ်တော်ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး လွှတ်တော်အတွင်း မည်သည့် လုပ်ငန်းဆောင်တာများ လုပ်ဆောင်နေသည်ကို သိရှိရန်အတွက် လေ့လာခဲ့ရာ ဖြေဆိုသူ ၅၉ ရာခိုင်နှုန်းသည် ၄င်းတို့ဒေသရှိ လွှတ်တော်ကိုယ်စားလှယ်သည် ရပ်ရွာအတွက် လွှတ်တော်အတွင်း လုပ်ဆောင်နေမှုကို မသိရှိဟု ဖြေဆိုခဲ့ကြသည်။

မဲဆန္ဒရှင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များတွေ့ဆုံမှု အကြိမ်ရေနှင့်ပတ်သက်ပြီး မေးမြန်းရာ ဖြေဆိုသူ ၃၇ ရာခိုင်နှုန်းမှ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးကြောင်း ဖြေဆိုကြပြီး ၁၇ ရာခိုင်နှုန်းသော ဖြေဆိုသူများမှ အနည်းဆုံး တစ်ကြိမ်ဆုံဖူးကြောင်း ဖြေဆိုကြသည်။ ရာခိုင်နှုန်းအနည်းငယ် ( ၁၅ ရာခိုင်နှုန်း) အောက်သည် ၂ ကြိမ်နှင့် အထက်တွေ့ဆုံဖူးကြသူများဖြစ်ပြီး ဖြေဆိုသူအများစုအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဖူးခြင်းမရှိကြောင်း စစ်တမ်းက ဖော်ပြထားသည်။

ယခုစစ်တမ်းသည် ချင်းပြည်နယ် မြို့နယ်ကိုးမြို့နယ်ရှိ မြို့ပေါ်၊ ရပ်ကွက်၊ ကျေးရွာများမှ အလွှာပေါင်းစုံ ပြည်သူ စုစုပေါင်း ၁၀၀၀ ဝန်းကျင်ကို မေးမြန်းထားမှုမှ ထွက်ပေါ်လာသည့် ရလဒ်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့်ပတ်သက်သည့် စစ်တမ်းတွင် မိမိ၏ မဲဆန္ဒနယ် တွင်ရွေးကောက်ထားရသော ကိုယ်စားလှယ် မည်သူဖြစ်သည်ကို သိရှိထားခြင်း ရှိ/မရှိ မေးမြန်းရာတွင် ဖြေဆိုသူ ၇၀ ရာခိုင်နှုန်းက မိမိမဲဆန္ဒနယ်မှ ရွေးချယ်ထားရသော လွှတ်တော်ကိုယ်စားလှယ်ကို သိရှိသည်ဟု ဖြေဆိုကြပြီး ၃၀ ရာခိုင်နှုန်းက မသိကြောင်း ဖြေဆိုကြသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ဝတ္တရားများကို သိရှိခြင်းရှိ/မရှိ မေးမြန်းရာတွင် ၆၂ ရာခိုင်နှုန်းမှ မသိရှိကြောင်းနှင့် ၃၈ ရာခိုင်နှုန်းမှ သိရှိကြောင်းဖြေဆိုခဲ့ကြသည်။

စစ်တမ်းတွင် ချင်းပြည်နယ်ရှိ ဖြေဆိုသူများသည် မိမိဒေသရှိ လွှတ်တော်ကိုယ်စားလှယ်များကို အများစု အနေဖြင့် သိရှိကြသော်လည်း ကိုယ်စားလှယ်၏ တာဝန်နှင့် ဝတ္တရားများကို အများစုမှ မသိရှိကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...