ကလေးမြို့နယ်အတွင်း ကျောင်းပညာသင်ကြားနေသည့် မသန်စွမ်းများအတွက် DDI သို့လိုအပ်သည့် အထောက်အပံ့ရယူနိုင်

ကလေးမြို့နယ်အတွင်း ကျောင်းပညာသင်ကြားနေသည့် မသန်စွမ်းများအတွက် DDI သို့လိုအပ်သည့် အထောက်အပံ့ရယူနိုင်

ကလေးမြို့နယ်အတွင်း မသန်စွမ်းဖြစ်ပြီး ကျောင်းပညာသင်ကြားနေသည့် ကလေးများရှိသည့် အိမ်ထောင်စုများအနေဖြင့် Disability Development Initiative (DDI) အဖွဲ့အစည်းထံ မိမိကလေးများအတွက် ကျောင်းပညာရေးနှင့်ပတ်သက်သက်သည့် လိုအပ်သည့် အထောက်အပံ့ တောင်းခံနိုင်ကြောင်း သိရသည်။

DDI အဖွဲ့အနေဖြင့် မသန်စွမ်းဖြစ်ပြီး ကျောင်းပညာတက်ရောက် နေသူများအတွက် စာရေးကိရိယာ၊ ကျူရှင်ခနှင့် ကျောင်းဝတ်စုံများကို စာသင်နှစ် တစ်နှစ်ပတ်လုံး ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

လက်ရှိ ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ် စတင်ချိန်ထိ DDI အဖွဲ့မှ မသန်စွမ်း ကျောင်းသူ/သားများအား ထောက်ပံ့ပေးနေသည့် ဦးရေ ၃၀ အထိရှိနေပြီဖြစ်ပြီး ပညာသင်နှစ်အပြီးအထိ နောက်ထပ် မသန်စွမ်း ကျောင်းသူ/သားများအား အကန့်အသတ်မရှိ ထောက်ပံ့ပေးအုံးမည်ဖြစ်သည်။

DDI အဖွဲ့အစည်းမှ Day Care တာဝန်ခံ ဆရာမ နီခွန်ဆုန်က “ အရမ်းဆင်းရဲတဲ့ မိသားစုတွေကနေ ကျောင်းတက်တဲ့ မသန်စွမ်းကလေးတွေအတွက်တော့ လိုအပ်ချက်အားလုံးထောက်ပံ့ပေးတယ်။ အခုအထိ အဲသလို အစစအရာရာထောက်ပံ့ပေးနေတာကတော့ တစ်ဦးပဲရှိသေးတယ်။ လိုအပ်တဲ့ လွယ်အိတ်၊ အဝတ်အစား အပြင် အခုကောလိပ်တက်နေတဲ့ စရိတ်တွေက အစထောက်ပံ့ပေးတာပါတယ်” ဟုပြောသည်။

မသန်စွမ်းကျောင်းသူ/သားများအတွက် ထောက်ပံ့ငွေများကို ဥရောပနိုင်ငံရောက် ချင်းလူမှုအဖွဲ့အစည်း၊ ဘာသာရေးအဖွဲ့အစည်းများအပါအဝင် တစ်သီးပုဂလအလှူရှင်များမှ ထောက်ပံ့ပေးခြင်းဖြစ်သည်။

“ အခုလို အထောက်အပံ့တွေကို နောက်ကနေ ပ့ံပိုးပေးတော့ မသန်စွမ်းကလေးတွေအနေနဲ့ ကျောင်းတက်ချိန်စိတ်ပေါ်လာတယ်။ အရင်ကတော့ ကျောင်းတက်ဖို့ ရှက်ပေမယ့် နောက်ကနေ ဝိုင်းဝန်းပ့ံပိုးသူတွေရှိတယ်ဆိုတာသိလာခြင်းဖြင့် ကျောင်းတက်တဲ့အပိုင်းမှာ တက်ကြွလာတယ်။ ဉာဏ်ရည်နိမ့်တဲ့ မသန်စွမ်းတွေကလွဲပြီး အားလုံးကျောင်းတက်ဖို့ထောက်ပ့ံတယ်။ ထောက်ပံ့ပေးတဲ့ တစ်ချို့ဆိုရင် ခြေထောက်နဲ့စာရေးတဲ့သူတွေလည်းပါတယ်” ဟု DDI ဝန်ထမ်းတစ်ဦးဖြစ်သည့် ဆလိုင်းကပ်ကျုံနှုံးကပြောသည်။

DDI အဖွဲ့အစည်းသည် ၂၀၀၇ ခုနှစ်ကစတင်တည်ထောက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် မသန်စွမ်းရှိသည့်နေအိမ်များသို့ အိမ်တိုင်ရာရောက် နည်းစနစ်တကျ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ အာဟာရ ပိုင်းလိုအပ်သည့် အစားအသောက်များ ထောက်ပံ့ပေးခြင်း၊ အရွယ်ရောက် မသန်စွမ်းများအတွက် အသက်မွေးဝမ်းကျောင်းပညာဖြစ်သည့် စက်ချုပ်ပညာသင်ကြားပေးခြင်း၊ ဉာဏ်ရည်နိမ့်မသန်စွမ်း ကလေးငယ်များအတွက် နေ့ကလေးထိန်းကျောင်းဖွင့်လှစ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိသည်။

ကလေးမြို့နယ်အတွင်း ကျောင်းပညာသင်ကြားနေသည့် မသန်စွမ်းကလေးငယ်များအတွက် လိုအပ်သည့် အထောက်အပံ့ရယူလိုပါက ကလေးမြို့၊ ရှင်းဟုန်ဟိုတယ် အနောက်တည့်တည့်ရှိ DDI ရုံး ( 09400526014) သို့ ဆက်သွယ်နိုင်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...