နေရာပေးမှုအားနည်းခြင်းကြောင့် ချင်းပြည်နယ်လွှတ်တော်တွင် အမျိူးသမီးပါဝင်မှုမရှိခြင်းဖြစ်ဟု ဆို

နေရာပေးမှုအားနည်းခြင်းကြောင့် ချင်းပြည်နယ်လွှတ်တော်တွင် အမျိူးသမီးပါဝင်မှုမရှိခြင်းဖြစ်ဟု ဆို
by -
မိုင်လိန်းဟုန်းလိုင်း

ချင်းပြည်နယ်လွှတ်တော်တွင် အမျိုးသမီးကိုယ်စားလှယ်များ ပါဝင်မှုမရှိခြင်းမှာ ပါတီအချိူ့မှ အမျိူးသမီးများအား နေရာပေးမှုမရှိသည့်အတွက်ကြောင့်ဖြစ်သည်ဟု အမျိူးသမီးအရေးလှုပ်ရှားနေသည့်အဖွဲ့များက ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲကာလတုန်းက ချင်းနိုင်ငံရေးပါတီများတွင် အမျိူးသမီးအချိူ့ ယှဉ်ပြိုင်ခဲ့ကြသော်လည်း ပါတီကြီး ၂ ခုဖြစ်သည့် NLD နှင့် ကြံ့ခိုင်ရေးပါတီတို့မှ အမျိူးသမီးများအား နေရာပေးခြင်းမရှိခဲ့ကြောင်း (ချိုုး)ချင်းအမျိုးသမီးအဖွဲမှ အတွင်းရေးမှူးဒေါ်ခင်ဝင်းရီက ပြောသည်။

“ ဒီပါတီနှစ်ခုမှာသာ အမျိုးသမီးတွေကို နေရာပေးကြည့်ပါ၊အမျိုးသမီးတိုင်းမဟုတ်ပေမဲ့ အရည်ချင်းရှိပြီး တကယ်လုပ်နိုင်တဲ့သူတွေရှိပါတယ်၊ ကျန်တဲ့ ချင်းပါတီတွေမှာတော့ နေရာပေးကြတော့ အမျိုးသမီးတွေ ဝင်ပြိုင်ကြပါတယ် “ဟု သူကပြောသည်။

ချင်းပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် (၁၈) ဦး နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၆) ဦး စုစုပေါင်း (၂၄) ဦးရှိသည်။ ယင်းအထဲတွင် အမျိူးသမီးတစ်ဦးမျှ ပါဝင်ခြင်းမရှိပေ။

ချင်းအမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်မှုအားနည်းနေရခြင်းမှာ အမျိုးသားများအနေဖြင့် အမျိုးသမီးများအပေါ် နိုင်ငံရေးအမြင်နည်းပါးနေသေးသည်ဟု ယူဆနေခြင်းကြောင့်ဖြစ်သည်ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မိုင်လိုင်းကီးကပြောသည်။

“ အမျိိုးသားတွေ ဖွင့်ပေးတဲ့ တံခါးကကျဉ်းကျဉ်းလေး၊ အမှန်တော့ အမျိုးသမီး ပညာတတ်တွေအများကြီးရှိ ပါတယ်၊ကျေးရွာနဲ့ မြို့နယ်အဆင့်မှာတောင် နေရာမရတော့ပြည်နယ်အဆင့်အထိ တိုးဖို့ကမလွယ်ဘူးလေ “ဟု သူက ပြောသည်။

ချင်းပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဦးအောင်သန်းကတော့ ပြည်နယ်လွှတ်တော်တွင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ စိတ်ဝင်စားမှု အားနည်းနေသည်ဟု ပြောသည်။

“အမျိုးသမီးတွေက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာပဲ ဝင်ပြိုင်ကြတော့ ပြည်နယ်လွှတ်တော်မှာ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်မရှိတာပါ “ဟု သူကပြောသည်။

ချင်းပြည်နယ် လွှတ်တော်တွင် အမျိူးသမီး ပါဝင်းမှုမရှိသော်လည်း ပြည်သူ့လွှတ်တော်တွင် ချင်းအမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ( ၁ )ဦးနှင့် အမျိုးသားလွှတ်တော်တွင် (၂)ဦးရှိသည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...