ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်၍ ၁ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ

ရွာအတွင်း လက်နက်ကြီးကျည် ကျရောက်၍ ၁ ဦးသေဆုံး၊ ၇ ဦး ဒဏ်ရာရ
by -
ဇေယျာမော်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်နိမ်အွမ်ရွာအတွင်းသို့ လက်နက်ကြီးကျည် ကျရောက်ခဲ့ခြင်း ကြောင့် အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA ဘက်မှ စုံစမ်းသိရှိရသည်။

ဇွန်လ ၂၈ ရက်နေ့ နံနက်ပိုင်း ၆ နာရီခန့်တွင် မန်နိမ်အွမ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ၈ လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းလည်း ဖြစ်သည်။

ကျေးရွာအတွင်းသို့ ကျရောက်ခဲ့သည့် လက်နက်ကြီးကျည်များကြောင့် ရွာသား (၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်း(၈)ဦးထဲမှ အသက်(၈)နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ဒဏ်ရာပြင်းထန်သောကြောင့် ကွတ်ခိုင်သို့ ဆေးကုရန် ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးခဲ့ခြင်းဖြစ်သည်။

အဆိုပါဒေသ၌ တပ်မတော် ၊ တအာဝ်းလွတ်မြောက်ရေးအဖွဲ့(TNLA) နှင့် ပြည်သူ့စစ်အဖွဲ့များ လှုပ်ရှားနေသည့် ဒေသလည်းဖြစ်သည်။

တအာဝ်းလွတ်မြောက်ရေးအဖွဲ့(TNLA)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး တာအိုက်ကျော်က “တပ်မတော်နဲ့ တိုက်ပွဲမဖြစ်တာ နှစ်ပတ်ကျော်ပြီ။ တပ်မတော်က ရွာထိပ်စေတီကုန်းကနေ မနက် ၆ နာရီလောက်မှာ ပစ်တယ်။ ရွာထဲကျတော့ ရွာသားတွေ ထိတယ်” ဟု မဇ္စျိမသို့ ပြောသည်။

အဆိုပါပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည်ကို မည်သည့်ဘက်က ပစ်ခတ်ခဲ့သနည်း ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး မဇ္စျိမအနေမှ သီးခြားအတည်ပြုချက် ရရှိထားခြင်းမရှိပေ။

ယင်းကိစ္စနှင့် ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအား ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ ရရှိခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားခြင်းမရှိကြောင်း တွေ့ရသည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...