ပုဂ္ဂလိကကျောင်းပညာရေးစနစ်သည် လူမှုရေးညီမျှမှုကို ထိခိုက်မှုရှိနေဟု ဆို

ပုဂ္ဂလိကကျောင်းပညာရေးစနစ်သည် လူမှုရေးညီမျှမှုကို ထိခိုက်မှုရှိနေဟု ဆို
by -
အောင်ပိုင်

မြန်မာနိုင်ငံ၏ ပုဂ္ဂလိကကျောင်းပညာရေးစနစ်သည် ကိုယ်ကျိုးရှာစီးပွားရေးကိုသာ ဦးတည်နေပြီး လူမှုရေး ညီမျှမှုကို ထိခိုက်မှုရှိနေကြောင်း ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ယက်(NNER) မှ ဒေါက်တာသိန်းလွင်က ပြောသည်။

ဇွန်လ၂၂ ရက်နေ့က ရန်ကုန်မြို့ရှိ ခဝဲခြံမျက်မမြင်ကျောင်း၌ ပြုလုပ်သော NNER ၏ ပုဂ္ဂလိက ပညာရေးဆိုင်ရာ ဆွေးနွေးပွဲ Privatization in Education တွင် ပြောခြင်းဖြစ်သည်။  

“ကျောင်းလခပေးနိုင်တဲ့ မိဘတွေနဲ့ မပေးနိုင်တဲ့မိဘကြားမှာလူမှုရေးကွာခြားချက် သွားဖြစ်တယ်။ ဆရာတွေကို ဘာမှပြောစရာမရှိဘူး။ ပညာရေးရည်မှန်းချက်နဲ့   ကျောင်းဖွင့်တဲ့လူတွေမှာ   ပြောစရာရှိတယ်။ အစိုးရ ကျောင်းတွေက အရည်အသွေးမရှိတဲ့အတွက် ပိုက်ဆံပေးပြီးပုဂ္ဂလိကကျောင်းတွေကို သွားတက်တယ်။ပုဂ္ဂလိကကျောင်းတွေကလည်း အောင်ချက်ကောင်းဖို့အတွက် အောင်နိုင်ခြေရှိတဲ့လူတွေကိုပဲ ရွေးတယ်။ အဲ့ဒီတော့ ကိုယ်ပိုင်ကျောင်းတွေမှာ လူမှုရေးမညီမျှမှုတွေကို တွေ့ရတယ်” ဟု ၄င်းက ပြောသည်။

ပညာရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော ပုဂ္ဂလိကကျောင်းဥပဒေကြမ်းသည် စီးပွားရေးကိုသာ ဦးစားပေးထား သည့်သဘော ဖြစ်နေကြောင်းနှင့် လိုအပ်သည်မှာ ကျောင်းသားအားလုံး အရည်အသွေးရှိသော ပညာရေးကို တန်းတူရရှိရန်ဖြစ်သည်ဟု ၄င်းကဆိုသည်။

အဆိုပါ ဆွေးနွေးပွဲတွင် Asia South Pacific Association for Basic and Adult Education (ASPBAE)မှ အကြံပေး Att.HelenDabu နှင့် NNER မှ ဒေါက်တာသိန်းလွင်တို့က ပညာရေးဝန်ကြီးဌာနမှ ၂၀၁၇ သြဂုတ်လ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သောပုဂ္ဂလိကကျောင်းဥပဒေကြမ်းကို လူ့အခွင့်အရေးရှုထောင့်မှ ဝေဖန်ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒုညွှန်ချုပ်ဦးကိုလေးဝင်းက “ပညာရေးကို ခုတုံးလုပ်ပြီး စီးပွားရှာနေတဲ့ ကျောင်းတွေကို အစိုးရကထိန်းရမယ်။ အဲ့အတွက် ပြည်နယ်နဲ့ တိုင်းပညာရေးမှူး တွေကို မှာထားတယ်။ ကျောင်းတည်ထောင်သူတွေကို စိတ်ပညာပိုင်းတွေပါ နားလည်စေချင်တယ်။” ဟု မဇ္စျိမသို့ ပြောသည်။လက်ရှိအချိန်အထိ မြန်မာတစ်နိုင်ငံလုံးတွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိကကျောင်းပေါင်း ၇၀၀ ကျော်ရှိသည်ဟု သိရသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...