မြူးရာနားမကြားကျောင်းတွင် ဆရာ/မများလိုအပ်လျက်ရှိ

မြူးရာနားမကြားကျောင်းတွင် ဆရာ/မများလိုအပ်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ မြူးရာနားမကြားကျောင်းတွင် ဆရာ၊ ဆရာမများ လိုအပ် လျက်ရှိကြောင်း အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးနောလ်အုပ်က ပြောသည်။

“ ဒီကျောင်းမှာ အလိုအပ်ဆုံးက ဆရာ/မ တွေဖြစ်ပါတယ်၊ အရင်က ဆရာဆရာမ(၁၂)ယောက်ရှိခဲ့တာ အခုတော့ (၆)ယောက်ပဲကျန်တော့တယ်”ဟု ကျောင်းအုပ်ကြီးကပြောသည်။

နားမကြားကျောင်းတွင် ပညာသင်ကြားပေးနိုင်မည့် ကျောင်းဆရာ/မ များ ရှားပါးနေသည့်အပြင် ငွေကြေးအခက်အခဲကြောင့် ထိုက်သင့်သည့် လခများ မပေးနိုင်သည့်အတွက် တခြားနေရာသို့ ပြောင်းရွှေ့ သွားကြသည့်အတွက် ယခုကဲ့သို့ အခက်ကြုံနေကြရခြင်းဖြစ်သည်။

အဆိုပါကျောင်းမှ ဆရာမဇုန်းလှေဝန်တီဝလ်ကလည်း “သင်တဲ့သူတွေ မလုံလောက်တော့ ကျမတို့လည်း အခက်ကြုံ နေရတယ်။ ဆန်းပြားတဲ့စကားလုံးမျိုးကို ကလေးတွေ နားလည်််အောင်အချိန်ယူပြီး မသင်ပေးနိုင်ဘူး” ဟု ပြောသည်။

မြူးရာကျောင်းကို လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်၊ ဇွန်လ(၁)ရက်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိတွင် ကျောင်း သား၊ ကျောင်းသူ(၃၉)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...