ကချင်တိုက်ပွဲ (၇)နှစ် ကာလ ရက်စက်ယုတ်မာမှု အကြောင်း FCCT မှာ ပြုလုပ်မည်

ကချင်တိုက်ပွဲ (၇)နှစ် ကာလ ရက်စက်ယုတ်မာမှု အကြောင်း FCCT မှာ ပြုလုပ်မည်

နိုင်ငံတကာ၏ မျက်ကွယ်ပြု ခံနေရသည့် ကချင်တိုက်ပွဲ (၇)နှစ် ကာလ စစ်ပြေးဒုက္ခသည် နှင့် လူ့အခွင့်အရေး ချိုးဖောက်မှု များအကြောင်း သတင်းစာရှင်းလင်းပွဲကို  ဇွန် (၂၈)ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ FCCT မှာ ပြုလုပ်မည် ဖြစ်သည်။
 

‘Kachin: Untold Story-Seven years of unheard atrocity’ ဆိုသော ခေါင်းစဉ်ဖြင့် မြန်မာအစိုးတပ် ၏ ကချင်ပြည်သူများပေါ် ရက်စက်ယုတ်မာမှုများ အကြောင်းကို Foreign Correspondents’ Club of Thailand-FCCT တွင် ရှင်းလင်းသွားမည် ဖြစ်သည်ဟု အစီရင်ခံစာ ဦးဆောင်ပြုစုသူ ထိုင်းနိုင်ငံ ကချင်အသိုင်းအဝိုင်း မှ ဦး Bau Naw Ja က ယခုလို ပြောပါသည်။



“စစ်ပြေးဒုက္ခသည်တွေကို ကူညီပေးဖို့ အစိုရက တားမြစ်တဲ့အကြောင်းတွေ၊ သွားရောက်ကူညီတဲ့သူတွေ ကိုလည်း မတရား အသင်းဆက်သွယ်မှု ဥပဒေ နဲ့ အရေးယူမယ်လို့ သတိပေးချက် လုပ်တာတွေ၊ အခု လက်ရှိ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြောပြ မလို့ပါ။”



သတင်းစာ ရှင်းလင်းပွဲမှာ ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO အထွေထွေအတွင်းရေးမှူး ဦး Hkanhpa Shadan ကလည်း London မှ Skype ဖြင့် ပါဝင် ရှင်းလင်းသွားမည် ဖြစ်သည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...