နယ်ခြားစောင့်တပ် သတ္တုတွင်း ဆိုးကျိုးများ ပတ်ဝန်းကျင် ရွာသားများ ခံစားရ

နယ်ခြားစောင့်တပ် သတ္တုတွင်း ဆိုးကျိုးများ ပတ်ဝန်းကျင် ရွာသားများ ခံစားရ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် မြန်မာအစိုးရ နယ်ခြားစောင့်တပ် ဒေသ Shingchyai (စင်ကြိုင်) နှင့် Wutmaw (ဝေမော) ကျေးရွာအနီး တရုတ် သတ္တုတွင်း ကုမ္မဏီ အသုံးပြုသော ဓါတုဆေးကြောင့် ယခု ရွာသားများ ဘေးထွက် ဆိုးကျိုး ခံစားလာနေပြီ ဖြစ်သည်။

ဌာနေရွာသားများ ကျန်းမာရေးထိချုက်ခြင်း နှင့် သောက်ရေ အခက်အခဲ ခံစားနေရပြီ ဖြစ်သည်။



သတ္တုတွင်းမှာ အသုံးပြုသည့် အမည်မသိ ဓါတုပစ္စည်းများ ယခု မိုးရာသီ မိုးရေနှင့်အတူ နီးစပ်ရာ စမ်းချောင်းများ သို့ စိမ့်ဝင်သောကြောင့် ၎င်းရေကို ထိမိ၊ ချိုးမိသည့် ရွာသားအချို့သည် ခန္ဓာကိုယ် ယားယံခြင်း နှင့် ဝမ်းလျှောခြင်းများ ခံစားလာသည်ဟု ဆိုသည်။



ထို့အပြင် နောက်ဆက်တွဲ ပြဿနာ အဆိုးဆုံး အဖြစ် အမျိုးသမီး၊ အမျိုးသား ကလေးမရနိုင်သည်အထိ ဆိုးကျိုး ဖြစ်စေနိုင်ကြောင်း ကို သတ္တုတွင်း ကုမ္မဏီ အလုပ်သမားများ ရွာသားများကို ပြောပြထားကြောင်းလည်း သိရသည်။



ယခုချိန် Shingchyai (စင်ကြိုင်)ရွာ အနီး သောက်ရေအဖြစ် အားထားရသော သဘာဝ စမ်းရေများ မသန့်ရှင်းသောကြောင့် မိုးရေကိုသာ အားထားနေရကြောင်း အမည်မဖော်လိုသူ ရွာသား တစ်ဦး ယခုလို ပြောပြပါသည်။



“မိုးရေကိုပဲ အဓိက အားထား သောက်သုံးနေရ ပါတယ်။ သူတို့က မြေကြီးမှာ ဆေး(ဓါတုဆေး) ထည့်ပြီး တူးဖော်နေတယ်။ အခု ကျနော်တို့ ရေသောက်တဲ့ ချောင်းဖျားဘက်မှာလည်း တူးနေတယ်။ ကျနော်တို့လည်း အဲဒါ စိုးရိမ်တယ်။ သူတို့ တူးထားတဲ့ မြေစာတွေက မိုးရွာရင် တခြားဘက်ကို ပြန်စီးမျှောလာတာ။”



Shingchyai ကျေးရွာတွင် ဒေသခံများနှင့်အတူ လူဦးရေ ၁၀၀၀ ကျော်ရှိ စစ်ပြေးဒုက္ခသည်စခန်း တစ်ခုလည်း ရှိနေပြီး မေလ မိုးရာသီ ဝင်လာချိန်မှ ၎င်းတို့၏ သောက်ရေ နှင့် တကိုယ်ရေသန့်ရှင်းရေး အတွက်ပါ မိုးရေကိုသာ အဓိက အားထား နေရသည်ဟု ဆိုပါသည်။



ဦး Zahkung Ting Ying (ဇခုန်တိန့်ယိန်း) ဦးဆောင်သော ကချင်ဒီမိုကရေစီသစ် တပ်မတော် (NDA-K)၊ ယခု နယ်ခြားစောင့်တပ် (Border Guard Force) နယ်မြေ Wutmaw တွင် သတ္တုတူးဖော်ခြင်းကို ၂၀၁၇ ဒီဇင်ဘာလတွင် စတင်ပြီး Shingchyai တွင် ၂၀၁၈ မတ်လ က စတင်ခဲ့သည်။



“ကျေးရွာ နယ်မြေ တိုးတက်အောင်ပြုလုပ်ပေးမည်” ဟု ဆိုကာ နယ်ခြားစောင့်တပ် တာဝန်ရှိသူများနှင့် တရုတ် ကုမ္ပဏီများ ပူးပေါင်း လုပ်ဆောင်မှု ဖြစ်နိုင်ကြောင်း အမည်မဖော်လိုသူ ဒေသခံ တစ်ဦး ပြောသည်။



တရုတ် သတ္တုကုမ္မဏီမှ မည်ကဲ့သို့သော သတ္တုအမျိုးအစား တူးဖော်နေသည်ကို မသိရသေးသော်လည်း ‘ကျောက်လည်း မဟုတ် နွားနို့ကဲ့သို့ အဖြူရောင်ရှိသော အရည်များကို တူးဖော်နေသည်’ ဟု မျက်မြင်သက်သေ တစ်ဦး ကချင်သတင်းဌာန KNG ကို ပြောပါသည်။

 

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...