တိုင်းရင်းသားဒေသများတွင် စစ်ပွဲများ ရပ်ဆိုင်းရေးဆန္ဒပြသူ ၂ ဦးအမှု အပြီးသတ်အမိန့် ထပ်မံရက်ချိန်း

တိုင်းရင်းသားဒေသများတွင် စစ်ပွဲများ ရပ်ဆိုင်းရေးဆန္ဒပြသူ ၂ ဦးအမှု အပြီးသတ်အမိန့် ထပ်မံရက်ချိန်း
by -
အောင်ကိုဦး
(ဓာတ်ပုံ ၊အောင်ကိုဦး၊မဇ္ဈိမ)
(ဓာတ်ပုံ ၊အောင်ကိုဦး၊မဇ္ဈိမ)

တိုင်းရင်းသားဒေသများတွင် ထိုးစစ်များရပ်ဆိုင်းရေးနှင့် စစ်နယ်မြေများ အတွင်း ပိတ်မိနေသော ပြည်သူများ လွှတ်ပေးရေးအတွက် တောင်းဆိုဆန္ဒပြမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် ဗကသ ဗဟိုကော်မတီဝင်ဟောင်း ကိုသန်းထိုက်၊ဗကသအဖွဲ့ချုပ်မှ ကိုနှင်းအောင်တို့ကို ဇွန်လ ၂၇ ရက်တွင် အပြီးသတ်အမိန့်ချရန် အောင်မြေသာစံမြို့နယ်တရားရုံးက ချိန်းဆိုထားသော်လည်း အမိန့်မချဖြစ်ဘဲ ဇူလိုင်လ ၅ ရက်သို့ ထပ်မံချိန်းဆိုလိုက်သည်။

အပြီးသတ်အမိန့်ချမည်ဟု ချိန်းဆိုခဲ့သော်လည်း အမိန့်မချခဲ့ခြင်းကို ကိုသန်းထိုက်က"အစကတည်းက လူထုကိုဖိနှိပ်နေတာပါပဲ။ကျွန်တော်နားလည်သလိုပြောရရင်တော့ ဒီနည်းဥပဒေတွေ ပြဋ္ဌာန်းထားတာကိုက ကျွန်တော်တို့ လူထုရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာ စီတန်းခွင့် စုဝေးခွင့် ဟောပြောခွင့် စည်းရုံးခွင့်၊ ဒါတွေအားလုံးကို ပိတ်ပင်ဖို့ ဒီနည်း ဥပဒေကို ပြဋ္ဌာန်းထားတာပဲ။အဲဒီတော့ ကျွန်တော်တို့က ဖိနှိပ်ခံရတာပေါ့။ လူထုအားလုံးက ကျွန်တော်တို့ပိုင်တဲ့ဟာကို လုယက်ခံရတာပဲ။ အမိန့် ချချင် ချမယ်။ မချချင် မချဘူး။ ကျွန်တော်တို့ကို မတရားဖမ်းထားတယ်လို့နားလည်တယ်။"ဟု တရားရုံးအထွက်တွင် ပြောသည်။

ယနေ့ အမိန့်မချဖြစ်တာနှင့်ပတ်သက်၍ အောင်မြေသာစံမြို့နယ်တရားသူကြီးက"သူတို့ကို နောက်ဆုံးအခွင့်အရေးပေးတာပါ။ထုချေခွင့်ပေါ့။နောက်တစ်ချိန်းတော့ အမိန့်ချမှာပါ။"ဟု ပြောသည်။

ကိုသန်းထိုက်နှင့်ကိုနှင်းအောင်တို့သည် စတင်အမှုရင်ဆိုင်စဉ်ကပင် တရားရေးကို အယုံအကြည်မရှိဟုဆိုကာ တရားရုံးကို သပိတ်မှောက်ထားပြီး စစ်ဆေးမေးမြန်းမှုများကို   ပြန်လည်ဖြေကြားခြင်းမရှိသလို တရားခွင်ထဲ၌ လည်း ကျောပေးထိုင်ခဲ့သည်။

မေလ ၁၂ ရက်က မန္တလေးမြို့တွင် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ပြည်သူ့သဘောထားကောက်ခံခြင်းနှင့် တောင်းဆိုဆန္ဒပြခဲ့ခြင်းကြောင့် ငြိမ်းချမ်းစွာစုဝေးလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၉)ဖြင့် ဖမ်းဆီးအရေးယူခံရခြင်း လည်း ဖြစ်သည်။

ထိုသို့ မန္တလေးမြို့တွင်ငြိမ်းချမ်းရေးအတွက်တောင်ဆိုခဲ့သည့် ကိုအောင်မှိုင်းဆန်း ၊ ကိုစိုးမိုးနိုင် (ခ) ကိုဒိန်းဒေါင် နှင့် ကဗျာဆရာ ကလင့် (မန္တလေး) တိုကိုလည်း ပြီးခဲ့သည့်လကပင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့ပြီး ဖြစ်သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...