လူနည်းစုအခွင့်အရေးနှင့် ကျားမတန်းတူရေးကိစ္စများ တတိယပင်လုံတွင် တင်သွင်းရန် ဆွေးနွေးမှုကောင်းမွန်ဟုဆို

လူနည်းစုအခွင့်အရေးနှင့် ကျားမတန်းတူရေးကိစ္စများ တတိယပင်လုံတွင် တင်သွင်းရန် ဆွေးနွေးမှုကောင်းမွန်ဟုဆို
by -
အောင်မြတ်သူ
 ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ မနာမ်တူးဂျာ (Photo-Thin Lei Win/Myanmar Now)
ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ မနာမ်တူးဂျာ (Photo-Thin Lei Win/Myanmar Now)

နိုင်ငံရေးခေါင်းစဉ်အောက်တွင် ပါဝင်သည့် တိုင်းရင်းသားလူနည်းစု အခွင့်အရေးနှင့် ကျားမတန်းတူရေး စသည့်အချက်နှစ်ချက်ကို တတိယအကြိမ်   ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် တင်ပြနိုင်ရန် ပါဝင် သည့်အချက် များ ဆွေးနွေးမှု ကောင်းမွန်သည်ဟု ကချင်ပြည်နယ်ဒီမိုကရေစီပါတီ ဥက္ကဌ မနာမ်တူးဂျာက ပြောသည်။

“အပြန်အလှန်ဆွေးနွေးကြတယ်။ ဆွေးနွေးကြတော့ တော်တော်လည်း အခြေအနေတော့ ကောင်းပါတယ်။ သဘောတူညီချက်တွေ ရရှိပါတယ်။ နိုင်ငံရေးလုပ်ငန်းကော်မတီဘက်က တင်ပြတဲ့စာတမ်းရှိတယ်။ နောက်ပြီးတော့မှ EAOs က တင်ပြတဲ့စာတမ်းရှိတယ်။ အဲ့စာတမ်းနှစ်ခုကလည်း ဒီခေါင်းစဉ်တွေပေါ့။ဒီပေါ်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကိစ္စလည်း ပါတယ်။ အဲဒါတွေ အားလုံးခြုံငုံပြီး ပေါင်းစပ်လိုက်တဲ့ အခါကျလို့ရှိရင်တော့ အမြင်တွေ တူပါတယ်”ဟု နိုင်ငံရေးကဏ္ဍတွင် ဝင်ရောက်ဆွေးနွေးခဲ့သူ ဒေါက်တာတူးဂျာက ပြောသည်။

ဇူလိုင်လ ၂၆ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာတွင် ကျင်းပပြုလုပ်သော (၂၁)ရာစု ပင်လုံ လုပ်ငန်းကော်မတီ အစည်းအဝေးများကို လုံခြုံရေးကဏ္ဍ၊ နိုင်ငံရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင်နှင့်မြေယာကဏ္ဍ နှင့် စီးပွားရေးကဏ္ဍ စသည့် ငါးချက်ကို အဖွဲ့တစ်ခုချင်းစီလိုက်ဆွေးနွေးမှု ခေတ္တရပ်နားချိန်တွင် ၄င်းက ပြောခြင်းဖြစ်သည်။

အဆိုပါ ခေါင်းစဉ်နှစ်ခုအောက်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တင်သွင်းထားသည့် အချက်ပေါင်း (၇၀)ကျော်ရှိပြီး၊ ၄င်းအချက်များကို ညီလာခံတွင် အတည်ပြုနိုင်မည်ဆိုပါက ကောင်းမွန်ပြီး အကျိုးရှိနိုင်မည့် အချက်များဖြစ်တယ်လို့ ချင်းအမျိုးသားတပ်ဦး CNFနာယက ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ပြောသည်။

“ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ NCA စာချုပ်မှာသော်လည်းူကောင်း၊ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၁မှာသော်လည်းကောင်းကျွန်တော်တို့ သဘောတူထားတာက ဒီပြည်ထောင်စုကြီးကို ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံပြီးတော့ထူထောင်မယ်ဆိုပြီးတော့ သဘောတူထားတယ်။ ဆိုတော့ဒီ ကျွန်တော်တို့ အခုဆွေးနွေးတဲ့ နိုင်ငံရေးကဏ္ဍမှာဆွေးနွေးတဲ့ တင်ပြမယ့် အခြေခံမူ အခြေခံ အခွင့်အရေး Fundamental Right ပေါ့ အဲ့အခြေခံအခွင့်အရေးကိုသာ ဒီမိုကရေစီ နိုင်ငံတော်ကြီးထူထောင်တဲ့အခါမှာ မရှိမဖြစ်လိုအပ်တဲ့မူတွေ ဖြစ်တဲ့အတွက် ဒါကျွန်တော်တို့ဆွေးနွေးတာ အင်မတန်မှ အရေးကြီး” သည်ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုသည်။

အဆိုပါ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစု ပင်လုံ လုပ်ငန်းကော်မတီအစည်းအဝေးကို ကဏ္ဍငါးရပ်ဖြင့် လာမည့် ဇူလိုင်လ ၁၁ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ၊ ၄င်းအစည်းအဝေးများမှ ရရှိထားသော အချက်အလက်များကို UPDJC အစည်းအဝေးသို့ ဆက်လက်တင်သွင်းကာ UPDJC အစည်းအဝေးမှ ခွင့်ပြုပါက ညီလာခံကြီးတွင် တင်သွင်းပြီး ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်သည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...