သိမ်းပိုက်ခံ လယ်ယာမြေ ပြန်လည် ရရှိရေး ဟူးကောင်း တောင်သူများ ဆွေးနွေး

သိမ်းပိုက်ခံ လယ်ယာမြေ ပြန်လည် ရရှိရေး ဟူးကောင်း တောင်သူများ ဆွေးနွေး

ယုဇနကုမ္ပဏီ ၏ မတရား မြေသိမ်းမှုခံနေရသော ကချင်ပြည်နယ် ဟူးဟောင့်ချိုင့်ဝှမ်း ဒေသခံ တောင်သူများသည် ၄င်းတို့ ဘိုးဘွားပိုင် လယ်ယာမြေများ ပြန်လည် တရားဝင် ပိုင်ဆိုင် ထိန်းသိမ်းခွင့် ရရှိရေး နှစ်ရက်ကြာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲကို တနိုင်းမြို့နယ် Wara Zup ကျေးရွာ တွင် ဇွန် ၂၂ နှင့် ၂၃ ရက်နေ့ ပြုလုပ်ခဲ့ရာ Stilwell Road (သို့) လီဒိုလမ်းမကြီးတလျှောက် ကျေးရွာ (၂၅) မှ တောင်သူများ တက်ရောက်ခဲ့ကြသည်။ 



အထက် အကြောင်းအရာကိုပဲ ယခု (၄) ကြိမ်မြောက် ဆွေးနွေးခြင်းလည်း ဖြစ်ကြောင်း သိရသည်။



ဆွေးနွေးပွဲတွင် တောင်သူများက မိမိတို့ ဘိုးဘွားပိုင် လယ်ယာမြေများကို ကိုယ်ပိုင် စနစ်ဖြင့် ပိုင်ဆိုင် ထိန်းသိမ်း ခွင့် မရှိဘဲ ယုဇနကုမ္မဏီ၏ မတရားမြေသိမ်းယူခံနေရခြင်း ကိစ္စ နှင့် ဟူးဟောင်း ကျားရိုင်း တရိစ္ဆာန် ထိန်းသိမ်း နယ်မြေ အဖြစ် အစိုးရသတ်မှတ် လိုက်ခြင်းကြောင့် ပြေစာ ရရှိခွင့် မရှိခြင်း ကိစ္စ စသည့် ကိစ္စ (၂)ရပ် ကို ဦးတည်ပြီး ဆွေးနွေးခဲ့ကြသည်ဟု ဆွေးနွေးပွဲ တက်ရောက်သူများ ပြောသည်။



ယင်း အချက် (၂)ခု ကို နဂိုမူလ ‘ကချင်ရိုးရာ လယ်ယာမြေ ထိန်းသိမ်းရေး စနစ်’ အဖြစ် ပြောင်းလဲလာနိုင်ရန် တိကျသော လယ်ယာမြေအချက်အလက်များကို စုဆောင်းပြီး မှန်ကန်သော ဥပဒေ ဖြင့် အစိုးရ ကို တင်ပြသွား မည် ဟု နယ်မြေခံ ဦး Tang Gun က ယခုလို ဆိုပါသည်။



“အစိုးရအနေနဲ့လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျနော်တို့အနေနဲ့ မိမိလယ်ယာများကို ပြန်လည်ရနိုင်ရန် ကချင်ရိုးရာလယ်ယာမြေ ထိန်းသိမ်းရေးစနစ် များဖြင့် ကြိုးစားသွားမယ်။ တိုင်းရင်းသားတိုင်းလည်း ဒီမြေယာ အုပ်ချုပ်ပုံစနစ်ကို တောင်းဆိုနေခြင်း ဖြစ်တယ်။”



ယခင် စစ်အစိုးရ လက်ထက် ကတည်းက သိမ်းပိုက်ခံထားရသော မိမိ လယ်ယာမြေများ ပြန်လည်ရရှိရေး အတွက် အစိုးရအဆက်ဆက်ကို ဟူးကောင်းတောင်သူများ တင်ပြ တောင်းဆိုခဲ့သော်လည်း ယခုအချိန်ထိ မရရှိသေးပါ။



ဒေသခံများက ၎င်းတို့ လယ်ယာမြေများ ၎င်းတို့ ပိုင်ဆိုင် သိမ်းထိန်းခွင့် ရှိသည့် ရိုးရာ လယ်ယာမြေ ထိန်းသိမ်းရေး စနစ် ထွက်လာရေး ဆက်လက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောပါသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...