မြန်မာ့ဆန်စပါးဥပဒေထွက်ပေါ်လာစေရန် ဥပဒေမူကြမ်းကို သက်ဆိုင်ရာလွှတ်တော်များသို့ တင်ပြသွားမည်

မြန်မာ့ဆန်စပါးဥပဒေထွက်ပေါ်လာစေရန် ဥပဒေမူကြမ်းကို သက်ဆိုင်ရာလွှတ်တော်များသို့ တင်ပြသွားမည်
by -
မိုးမြင့်ဇော်

 မြန်မာ့ဆန်စပါးဥပဒေထွက်ပေါ်လာစေရန် ဥပဒေမူကြမ်းကို သက်ဆိုင်ရာလွတ်တော်များသို့ တင်ပြသွားမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။

ဇွန် ၇ ရက်တွင် အဆိုပါ ဥပဒေမူကြမ်းနှင့် ပတ်သတ်ပြီး အမျိုးသားလွတ်တော်၌ စိုက်ပျိုးရေးမွေးမြူရေးနှင့် ပတ် သတ်သောကော်မတီ၊ တောင်သူလယ် သမားရေးရာကော်မတီများတွင် ရှင်းလင်းတင်ပြခဲ့ကာ ဇွန် ၁၄ရက်တွင် ပြည်သူ့လွှတ်တော်၌ ရှင်လင်းတင်ပြခဲ့ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင် ကပြောသည်။

“လွတ်တော်မှာရှိတဲ့ လယ်ယာကဏ္ဍ၊ ဆန်စပါးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ တောင်သူလယ်သမားကဏ္ဍနဲ့ ပတ်သက်တဲ့ကော်မတီတွေမှာ ကျွန်တော်တို့ အားလုံးရှင်းပြီးပါပြီ။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဝန်ကြီးဌာနတို့ကို ဆက်ပြီး ရှင်းလင်းတင်ပြဖို့ရှိပါတယ်။ ဒီဟာနဲ့ပတ်သတ်ပြီး ရှေ့ဆက်ပြီးတော့ ဥပဒေပြဌာန်းနိုင်ရေးအတွက်ကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ကြိုးစားပြီး စီစဉ်ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် တောင်သူလယ်သမားခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေ၊ လယ်ယာ မြေဥပဒေများရှိနေသော်လည်း စိုက်ပျိုးထုတ်လုပ်မှုအပိုင်းကို အဓိကတာဝန်ယူထားပြီး ထုတ်လုပ်မှုများကို သို လှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ရောင်းချခြင်း၊တန်ဖိုးမြှင့်တင်ခြင်းများအတွက် မြန်မာ့ဆန်စပါးဥပဒေတစ်ရပ်ပေါ် ပေါက်လာရန် လိုအပ်ကြောင်း သိရသည်။

“တောင်သူလယ်သမားတွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို တစ်ဖက်ကမြှင့်တင်ပေးသလို တစ်ဖက်ကလည်း ကြိတ်ခွဲတဲ့သူတွေ၊ ရောင်းချတဲ့သူတွေ၊ ကုန်သည်တွေ၊ ပွဲစားတွေ၊ စက်ပိုင်တွေ၊ ရင်းနှီးမြုပ်နှံတဲ့သူတွေရဲ့ အခွင့် အရေးကို ဆောင်ရွက်ပေးနိုင်ပါမှ တောင်သူလယ်သမားတွေလည်း သွားပြီးအကျိုးကျေးဇူး ဖြစ်မှာ ဖြစ်ပါတယ်။ တောင်သူလယ်သမားဥပဒေဆိုတာ စိုက်ပျိုးရေး မွေးမြူရေး ရေလုပ်ငန်းကောပတ်သတ်တဲ့ တောင်သူလယ်သ မာတွေနဲ့ ဘဲဆိုင်တယ်။ ဆန်စပါးလုပ်ငန်းအတွက် တိုက်ရိုက်ဖွံ့ဖြိုးရေးအတွက် မဆိုင်ပါဘူး။ ဒါကြောင့် ဒီဥပဒေ တစ်ရပ်လိုတဲ့ အနေအထားဖြစ်ပါတယ်။ လက်ရှိ ဥပဒေက ဖွံ့ဖြိုးရေးကို အကောင်အထည်ဖော်ပေးနိုင်မယ် ဆို ပေမယ့် မလုံလောက်ပါဘူး” ဟု ဦးရဲမင်းအောင်ကပြောသည်။

ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုသည် ၂၀၁၂/၂၀၁၃ခုနှစ်မှ စတင်ကာ ပုံမှန်တိုးတက်မှုရှိပြီး ၂၀၁ရခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၃.၅ သန်း တင်ပို့နိုင်ခဲ့ကာ နှစ်ပေါင်း ၇၀ အတွင်း အများဆုံးတင်ပို့နိုင်ခဲ့သည်။

ယခုနှစ်တွင် ပြည်ပသို့ ဆန်တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်ထက် လျော့နည်းမှုရှိနိုင်ပြီး စပါးအဖြစ်တင်ပို့မှုများကို နိုင်ငံတော်အစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ဦးရဲမင်းအောင်က ပြောသည်။

ယခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၂.၅သန်းခန့် တင်ပို့နိုင်ရန်မျော်မှန်းထားပြီး မြန်မာဆန်စပါးဥပဒေအမြန်ဆုံး ပေါ်ထွက်လာစေရန် လွတ်တော်၊ ဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး စသည့် သက်ဆိုင်ရာဌာနများနှင့် ပူး ပေါင်းညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သတင်းရရှိသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...