ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရန် KNC ဥက္ကဌ အပြိုင် ထုတ်ပြန်

ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရန် KNC ဥက္ကဌ အပြိုင် ထုတ်ပြန်

ကချင်အမျိုးသား ကွန်ဂရက် KNC ပါတီ မှ လာမည့် ၂၀၁၈ နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲတွင် မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် လစ်လပ်နေရာအတွက် ပါဝင််ယှဉ်ပြိုင်ရန် ပါတီဥက္ကဌ ထုတ်ပြန်ခဲ့သည်။

တရားဝင် ပါတီီ ထုတ်ပြန်ချက် မဟုတ်ဘဲ Kachin National Congress, KNC ပါတီ ဥက္ကဌ Dr. M Kawn La ၏ လူမှုရေးကွန်ယက် စာမျက်နှာ facebook တွင် ဇွန် ၂၄၊ တနင်္ဂနွေနေ့ ရေးသားထားချက်ကို တွေ့ရသည်။



KNC ပါတီသည် ကချင်ပါတီများ ပူးပေါင်းရေးကို သဘောတူ လက်မှတ် ရေးထိုးထား သော်လည်း လက်ရှိ ကချင်ဒီမိုကရက်တစ် ပါတီ (KDP)၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP) နှင့် စည်းလုံးညီညွတ်ရေး နှင့် ဒီမိုကရေစီ ပါတီ ကချင်ပြည်နယ် (UDPKS) သုံးပါတီ သဘောတူထားသော Kachin State People’s Party (KSPP)တွင် ပါဝင်နိုင်ရန် ဆွေးနွေးနေဆဲ ဖြစ်ကြောင်း သိရသည်။



“ပါတီများ ပေါင်းစည်းရေး အခန်းကဏ္ဍအတွက် ဧပြီလ (၁၀)ရက် မဂျွယ်ခန်းမ လူထုစည်းဝေးမှ တာဝန်ပေးအပ် နှင်းထားသော (၁၇)ဦး ကော်မတီ၏ အဆုံးအဖြတ်ကို စောင့်စားလျက် ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို (၁၇)ဦး ကော်မတီ၏ ညှိနှိုင်းဆောင်ရွက်ချက်အရ လက်ခံဆောင်ရွက်သွားမည်ဖြစ်သည်” ဟု KNC ပါတီ ဥက္ကဋ္ဌ M Kawn La ၏ facebook စာမျက်နှာတွင် ရေးသားထားသည်။



ကချင်ပေါင်းစည်းပါတီများ (KSDP၊ KDP နှင့် UDPKS) ၏ ဇွန် (၅)ရက် အစည်းအဝေးက ကြားဖြတ်ရွေးကောက်ပွဲမှာ မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် နေရာအတွက် ယှဉ်ပြိုင်ရန် KDP ဥက္ကဌ ဦးကွမ်ဂေါင် အောင်ခမ်း (Slg. Gumgrawng Awng Hkam) ကို ကိုယ်စားလှယ်လောင်း (candidate) အဖြစ် ရွေးချယ်ခဲ့သည်။



သုံးပတ်ကျော် အကြာ ယခုလို KNC ဥက္ကဌ ၏ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရန် အပြိုင် ထုတ်ပြန်ချက်ပေါ် ကချင်ပေါင်းစည်းပါတီများ (KSDP၊ KDP နှင့် UDPKS) မှ အလေးထား ဆွေးနွေးသွားမည် မဟုတ်ဘဲ ရွေးကောက်ပွဲ ဝင်မည့် ကိုယ်စားလှယ်လောင်း ကို လည်း ပါတီဘက် ကသာ ရွေးချယ်ရမည်ဖြစ်သည်ဟု ကချင်သတင်းဌာန KNG ကို ပြောသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...