ကရင်ပြည်နယ် ဘုန်းတော်ကြီးကျောင်းများတွင် စောင့်ရှောက်ထားရသည့် ကလေးငယ်များ ပိုမိုများလာ

ကရင်ပြည်နယ် ဘုန်းတော်ကြီးကျောင်းများတွင် စောင့်ရှောက်ထားရသည့် ကလေးငယ်များ ပိုမိုများလာ
by -
နန့်ဘွားခလိန်

ကရင်ပြည်နယ်အတွင်းရှိ မိဘမဲ့ကလေးများအား ပညာသင်ထောက်ပ့ံပေးသော ဘုန်းတော်ကြီးကျောင်း လူငယ်ပရ ဟိတဂေဟာများတွင် ကလေးငယ်များ တစ်နှစ်ထက် တစ်နှစ်ပိုမို များပြားလာလျက်ရှိကြောင်း ဖားအံမြို့ တောင်တန်း သာသနာပြု ဗဟိုကျောင်း ဆရာတော် ဥူးဓမ္မပါလက ပြောသည်။ 

“မိဘမဲ့ ကလေးတွေ ပိုများလာတာလည်း ဖြစ်နိုင်တယ်။ ဆင်းရဲနွမ်းပါးတွေ များလာတာလည်း ဖြစ်နိုင် တယ်။ မိဘမဲ့ မဟုတ်ပဲနဲ့ ဆင်းရဲနွမ်းပါး ကလေးတွေကတော့ ဘုန်းကြီးကျောင်းတိုင်းမှာရှိတယ်။ အရင်နှစ် က အယောက် ၆ဝလောက်ပဲ ရှိတယ်။ ဒီနှစ်က ရဝထိပဲ လက်ခံလိုက်တယ်။ ထပ်ပြီး လာအပ်တာတွေ ရှိပေမဲ့ ကျောင်း အခြေနေအရ ဆက်ပြီး လက်ခံလို့မရတော့ဘူး ” ဟု ဆရာတော် ဥူးဓမ္မပါလက မိန့်ကြားသည်။

ဘုန်းကြီးကျောင်း ပရဟိတဂေဟာများတွင် လက်ခံ၍ ပညာသင်ထောက်ပံ့ပေးသူများထဲတွင် မိဘနှစ်ဦး လုံးမရှိသော မိဘမဲ့၊ အမိမဲ့၊ အဖမဲ့နှင့် ဆင်းရဲနွမ်းပါးသော ကလေးများဖြစ်ပြီး ထိုအထဲတွင် ဆင်းရဲနွမ်းပါးသော ကလေး ပိုများလျက်ရှိခြင်း ဖြစ်သည်။

ကရင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် အဆိုပါ ကလေးငယ်များကို ထိန်းသိမ်းစောင့်ရှောက် ထောက်ပ့ံပေး သော ဘုန်းကြီးကျောင်းအတွင်း ဂေဟာများနှင့် ခရစ်ယာန်သာသာနာ ရိပ်သာများသာရှိပြီး အစိုးရအနေဖြင့် ဖွင့်လှစ်ထားသော မိဘမဲ့ဂေဟာ မရှိသေးကြောင်း သိရသည်။

ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မင်းက “ အခုလက်ရှိမှာတော့ မိဘမဲ့ဂေဟာ ဖွင့်ဖို့ အစီအစဉ်တော့ မရှိသေးဘူး။ ဂေဟာအချို့တွေကိုတော့ စာရင်းလိုက်ကောက်ပြီး တစ်နှစ် တစ်ခါ ထောက်ပံ့ကြေးငွေ ပေးတာတော့ရှိတယ်။ ကျန်တဲ့ ဂေဟာတွေကိုလည်း စာရင်းတွေလာ ပေးပါ။ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးအရ ထောက်ပ့ံကြေးတွေ ပေးသွားမှာပါ ” ဟု ပြောသည်။

ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၏ ယခုနှစ်နွေရာသီ ကောက်ယူထားသည့် စာရင်းများအရ ဖားအံမြို့ အောင် နန်းလူငယ် ပရဟိတ ဂေဟာတွင် ၅၅ ဦး၊ ကော့ကရိတ်မြို့ ဇောတိကရာမ ပရဟိတဂေဟာတွင် ၃၅ ဦး၊ လှိုင်းဘွဲမြို့ ကော့ဝန်း ပရဟိတ ဂေဟာတွင် ၃၀ ဦး၊ လှိုင်းဘွဲမြို့ မိကြောင် ပရဟိတ ဂေဟာတွင် ၆၀ ဦး၊ ဖာပွန် ရွှေကျောင်း ပရဟိတ ဂေဟာတွင် ၆၀ ဦး၊ ကြာအင်းဆိပ်ကြီး ဓမ္မဟေဝန် ပရဟိတ ဂေဟာ (ကျား) ၁ဝဝဦး နှင့် (မ) ၂၄၇ ဦး ရှိကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ ဘုန်းကြီးကျောင်းပရဟိတဂေဟာများတွင် မူလတန်းပညာကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင်သာ သင်ကြားပေးပြီး အလယ်တန်းမှ တက္ကသိုလ်ဝင်တန်းထိကို အစိုးရ အခြေခံပညာ ကျောင်းများတွင် သွားရောက် ပညာသင်ကြားစေကာ ထောက်ပ့ံပေးလျက်ရှိပြီး  KG တန်းမှ တက္ကသိုလ် ကျောင်းသားများအထိ ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။ 

 

Most read this week

December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...
December 10, 2025
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က...
December 9, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း၊ မင်းလက်ပံကျေးရွာရှိ Shunda Park ငွေလိမ်ခြံဝန်းအတွင်း...