ကန်ပက်လက်ဆေးရုံ ကုတင်တိုးပေးရန် အမှုတွဲတင်ထားမှု (၂) နှစ်ကြာသည်အထိ အကောင်အထည်ဖော်ပေးမှုမရှိသေး

ကန်ပက်လက်ဆေးရုံ ကုတင်တိုးပေးရန် အမှုတွဲတင်ထားမှု (၂) နှစ်ကြာသည်အထိ အကောင်အထည်ဖော်ပေးမှုမရှိသေး
by -
Salai Khup Khup

ချင်းပြည်နယ်တောင်ပိုင်း ကန်ပလက်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံတွင် ကုတင်များမလုံလောက်ခြင်းကြောင့်ကုတင်ငါးဆယ်အထိ တိုးပေးရန် ၂၀၁၆၊ မက်လကတည်းက အမှုတွဲတင်ထားသော်လည်း ယနေ့ထိ ဆောင်ရွက်ပေးခြင်းမရှိသေးဟု ကန်ပလက်မြို့ နယ်ပြည်သူ့ ဆေးရုံအုပ် ဒေါက်တာပေါင်ရှန်းလျှန် ကပြောသည်။

ဒေါက်တာပေါင်ရှန်းလျှန်က “နှစ်ဆယ့်ငါးကုတင်ကနေ (၇)ကုတင်တိုးထား တယ်စုစုပေါင်း သုံးဆယ့်နှစ်ကုတင် တိုးထားတယ်။ တစ်ခါတစ်လေ လူနာက သုံးဆယ်ကျော်သွားတဲ့ အနေထားတွေရှိတော့ လူနာရော လူနာစောင့်တွေအတွက်ရော အဆင်မပြေဘူး။ ကျွန်တော်တို့ ဆေးရုံဘက်နေလည်း ဝန်ဆောင်မှုပိုကောင်းနိုင်အောင်၊ ဆေးဝါးတွေလည်းပိုမို ရရှိနိုင်အောင်ဆိုပြီး ကုတင်ငါးဆယ်ကို ပြီးခဲ့တဲ့၂၀၁၆ က ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်လာတုန်းက တောင်းတယ်၊ ၂၀၁၆ မက်လမှာ ပြည်သူလူထုဘက်ကတင်ပြလို့ ကျွန်တေ်ာတို့ ဘက်ကလည်း ဖြစ်သင့်ပါတယ်ဆိုပြီးတော့ ထောက်ခံစတွေနဲ့အတူရွက်စာတမ်းတွေနဲ့ အမှုတွဲတင်ထားတယ်။ ရုံးချုပ်မှာလည်း အမှုတွဲအနေနဲ့ ရှိပါတယ်။ ဘယ်လိုအနေအထားကြောင့် ကြန့်ကြာနေတာ လည်းဆိုတာတော့ မသိဘူး ကျွန်တော်အနေနဲ့တော့မကြာခင်ကုတင်ငါးဆယ် ရမယ်လိုတော့ မျော်လင့်ပါတယ်”ဟုပြောသည်။

သူကဆက်ပြီး “၂၀၁၅၊ ၂၀၁၆၊၂၀၁၇ သုံးနှစ်တာကာလအတွင်း ပျမ်းမျှကိုကြည့်လို်က်တဲ့ခါမှာ နေ့စဉ် ဆေးရုံတက်တာ (၂၁)ယောက်လောက်ရှိတယ် ကျွန်တော်တို့ ကုတင်အသုံးပြုမှုနှုန်းက ရှစ်ဆယ်ရာခိုင်နှုန်းရှိတယ်။ ကုတင်တိုးပေးမယ်ဆိုရင်လည်း ကျွန်တော်တို ့ကုတင်အသုံးပြုမှုရာခိုင်နှုန်းကို ကြည့်ပြီးတော့ တိုးပေးသင့်ပါတယ်၊ လူနာက နေ့တိုင်း များနေတာမျိုးတော့မဟုတ်ဘူး ၁၇ ယောက်၊၁၈ ယောက် လောက်ပေါ့။ တစ်ခါတစ်လေကျရင် လူနာက ၃၀ ကျော်၊ ၄၀ ဝန်းကျင်ရှိတယ်။ တအားစုပြုံနေဒါမျိုးဖြစ်တဲ့ ချိန်ဆိုရင်ကျွန်တော်တို့ တော်တော်လေးဒုက္ခရောက်တယ်၊ သက်သာတယ်လို ့ထင်ရတဲ့ လူနာတွေဆို ရင်ဆေးရုံကနေဆင်းခိုင်းတယ်။ ပြီးရင်ပြန်ပြဆိုဒါမျိုးလုပ်ရတာ ဆိုတော့ကျွန််တောတို့က မဖြစ်ဖြစ်အောင် ကုတင်ထိုးပေးဒါမျိုးရှိတာပေါ့။ အဲလိုမျိုးချိန်တွေဆိုရင် ဒုက္ခရောက်တယ် ဆေးရုံပိုင်းရဲ့ ဝန်ဆောင်မှုတွေရယ် သူတို ့ကိုယ်တိုင်လည်း အဆင်မပြေဘူး။ ဒါကြောင့်လည်းကျွန်တော်တို့နေနဲ့ ကုတင်ငါးဆယ်တောင်းထားတာဖြစ်တယ်” ဟုပြောသည်။

ချင်းပြည်နယ်ပြည့်သူ့ကျန်းမာရေး ဦးစီးဌာနစာရင်းအရ ချင်းပြည်နယ်တွင် ဆရာဝန်နှင့် လူဦးရေအချိုးမှာ ၁:၄၈၄၀ ဦးဖြစ်ပြီး ဆေးရုံကုတင်နှင့် လူဦးရေအချိုးမှာ ၁:၅၀၄ ဖြစ်သည်။

May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...