Published
Monday, June 18, 2018
တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ပြင်ဆင်ရေး NCA-S EAO အစည်းအဝေး ကျင်းပ
တတိယ အကြိမ်မြောက် ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပနိုင်ရေးအတွက် အပစ်ရပ်တိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့ အစည်းအဝေးကို ဇွန် ၁၅ - ၁၇ ရက်နေ ့ထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြသည်။
အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး နှင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ကဏ္ဍ အသီးသီးမှ လုပ်ငန်းကော်မတီဝင် အနည်းဆုံး ၅၀ ခန့်တက်ရောက်ကြသည်။
“လာမည့် တတိယအကြိမ် ၂၁ရာစု ပင်လုံ အစည်းအဝေးမှာ ဆွေးနွေးရမည့် အကြောင်းအရာ တွေကို ကဏ္ဍ ၅ ခု စလုံး စုစည်းနိုင်ခဲ့ပါတယ် ”ဟု စီအဲန်အက်ဖ်မှ လက်ထောက်အထွေထွေအတွင်းရေးမှူး ပူးထက်နီက ပြောသည်။
တတိယ ပင်လုံအစည်းအဝေးကို ဇူလိုင်လ ဒုတိယပတ်တွင် ကျင်းပနိုင်ရန် နှစ်ဖက် ညှိနှိုင်းနေကြောင်း သိရသည်။







