တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ပြင်ဆင်ရေး NCA-S EAO အစည်းအဝေး ကျင်းပ

တတိယ အကြိမ် ၂၁ ရာစု ပင်လုံ ပြင်ဆင်ရေး NCA-S EAO အစည်းအဝေး ကျင်းပ

တတိယ အကြိမ်မြောက် ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပနိုင်ရေးအတွက် အပစ်ရပ်တိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့ အစည်းအဝေးကို ဇွန် ၁၅ - ၁၇ ရက်နေ ့ထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြသည်။

အစည်းအဝေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး နှင့် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ကဏ္ဍ အသီးသီးမှ လုပ်ငန်းကော်မတီဝင် အနည်းဆုံး ၅၀ ခန့်တက်ရောက်ကြသည်။

“လာမည့် တတိယအကြိမ် ၂၁ရာစု ပင်လုံ အစည်းအဝေးမှာ ဆွေးနွေးရမည့် အကြောင်းအရာ တွေကို ကဏ္ဍ ၅ ခု စလုံး စုစည်းနိုင်ခဲ့ပါတယ် ”ဟု စီအဲန်အက်ဖ်မှ လက်ထောက်အထွေထွေအတွင်းရေးမှူး ပူးထက်နီက ပြောသည်။

တတိယ ပင်လုံအစည်းအဝေးကို ဇူလိုင်လ ဒုတိယပတ်တွင် ကျင်းပနိုင်ရန် နှစ်ဖက် ညှိနှိုင်းနေကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...