World Refugee Day ကို နယူးဒေလီရောက် ဒုက္ခသည်များဆိုင်ရာအဖွဲ့များ စုပေါင်းကျင်းပမည်

World Refugee Day ကို နယူးဒေလီရောက် ဒုက္ခသည်များဆိုင်ရာအဖွဲ့များ စုပေါင်းကျင်းပမည်

ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များနေ့ခေါ် World Refugee Day ကို အိန္ဒိယနိုင်ငံ နယူးဒေလီ ရောက် မြန်မာဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်း ၅ ဖွဲ့တို့ စုပေါင်းပြီး အခမ်းအနားတစ်ရပ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နယူဒေလီရောက် မြန်မာဒုက္ခသည်များဆိုင်ရာအဖွဲ့အစည်းများဖြစ်ကြသော Chin Refugee Committee (CRC), Myanmar Refugee Organization (MRO), Burmese Refugee Women Delhi (BRWD), Chin Human Right Organization (CHRO) နှင့် Delhi Chin Community Fellowship (DCCF) စသည့်အဖွဲ့များ စုပေါင်းပြီး အခမ်းအနားတစ်ရပ်ပြုလုပ်ကာ ကျင်းပကြမည်ဟု Myanmar Refugee Organization (MRO) ဥက္ကဌ ကိုထွေးက ခိုနှုမ်းသုန်သတင်းဌနကို ပြေသည်။

“နယူးဒေလီမြို့မှာရှိကြတဲ့ ဒုက္ခသည် များဆိုင်ရာအဖွဲ့အစည်းများ စုပေါင်းပြီးတော့ လုပ်ကျမယ်။ လာမယ့် တနင်္လာနေ့လောက်ကြမှ အတိအကျ သိနိုင်မယ်။” ဟု ကိုထွေးက ပြောသည်။

အခမ်းအနားတွင် တက်ရောက်ပါဝင်ဖို့ နယူဒေလီမှာရှိကြသည့် အဖွဲ့အစည်းများဖြစ်သော UNHCR, Slic, Don Bossco, Ashok Aggarwal များကို ဖိတ်ကြားထားသော်လည်း confirm မဖြစ်သေးသောကြောင့် အစီအစဉ်ကို အသေးစိတ် မပြောနိုင်သေးခြင်း ဖြစ်တယ်လို့ ဆက်ပြောပါသည်။

အဆိုပါ World Refugee Day နဲ့ ပတ်သက်ပြီး UNHCR အနေဖြင့် နှစ်စဉ်နှစ်တိုင်း သတ်သတ်ကျင်းပလျက်ရှိသော်လည်း ခါတိုင်းနှစ်များတွင် ဒေလီမှာရှိကြသည့် ဒုက္ခသည်များအနေဖြင့် ဒီလိုနေ့တွေမှာ ဖော်ထုတ် ဆန္ဒဖော်ထုတ်လေ့ရှိကြကြောင်း သိရသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...