ကုလားတန်မြစ်ရေတက်ခြင်းကြောင့် ပလက်ဝမြို့နယ်ရှိ ကျောင်းအချို့ ပိတ်ထားရ

ကုလားတန်မြစ်ရေတက်ခြင်းကြောင့် ပလက်ဝမြို့နယ်ရှိ ကျောင်းအချို့ ပိတ်ထားရ
by -
Salai Khup Khup

မိုးအဆက်မပြတ်ရွာသွန်းကာ ကုလားတန်မြစ်ရေတက်ခြင်းကြောင့် ပလက်ဝအထက်ပိုင်းဒေသတွင် တာဝန်ကျသည့် ကျောင်းဆရာ/ဆရာမ အချို့ သွားလာ၍မရဖြစ်ကာ ကျောင်းများလည်း ခနတာ ပိတ်ထားရသည်ဟု အလယ်တန်းပြကျောင်းဆရာ အောင်စိုးထိုက်ပြောသည််။

ကျောင်းဆရာအောင်စိုးထိုက်က“ကုလားတန်မြစ်ရေကလည်းကြီးနေတော့ စက်လှေလိုင်းကလည်းမထွက် နိုင်ဘူး။ ကားတွေကလည်းမထွက်နိုင်ဘူး။ ဆိုင်ကယ်တွေနဲ့လည်းသွားလို့ မရဘူး၊ ကျောင်းဆရာ/ဆရာမတွေလည်းတာဝန်ကျတဲ့ ကျောင်းကို မရောက်နိုင်ဘူးဆိုတော့ တစ်ချို့ကျောင်းတွေကို ပိတ်လိုက်ရတယ်"ဟုပြောသည်။

ရေကြောင်းအန္တရယ််များစိုးရိမ်ရသောကြောင့် ပလက်ဝအထက်ဘက်သို့ သွားသောစက်လှေများ၊ ပလက်ဝမြို့မှ ကျောက်တော်ဘက်သို့ သွားသောစက်လှေများမသွားလာရန် အာဏာပိုင််များမှ ဇွန်လ(၁၃)ရက်နေ့ တွင် ထုတ်ပြန်ထားသည်။

ပလက်ဝမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ ဝင်အိုက်ထွန်းလင်းက“မိုးကရွာနေတုန်းပဲ၊ ရေအတက်ကျကတော့ ဒီနေ့ တော်တော်လေးကျသွားပြီ နောက်နှစ်ရက်၊သုံးရက်လောက််ဆိုရင်သွားနိုင်မှာပါ" ဟုပြောသည်။

ကုလားတန်မြစ်ရေဟာ ဇွန်လ ပထမပတ်လောက်မှ စပြီး မြစ်ရေတတ်လာခြင်းဖြစ်ပြီး၊ စည်ပင်ဧရိယာကျော်ပြီး ဆောက်ထားသောကမ်းနားအိမ် တော်တော်များများရေထဲတွင်ပါသွားကြောင်းနှင့် ရပ်ကွက်ထဲရေလွွှမ်းမှုတွေလည်း ဖြစ်ကြောင်း သိရသည်။

May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...