ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သည်/စက်မှု သင်းကို အစိုးရနှင့် ချင်းလူထုမှ အားပေးရန်လိုအပ်ဟု CSCCI အတွင်းရေးမှုးဆို

ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သည်/စက်မှု သင်းကို အစိုးရနှင့် ချင်းလူထုမှ အားပေးရန်လိုအပ်ဟု CSCCI အတွင်းရေးမှုးဆို
by -
Salai Khup Khup

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်လာနိုင်ရန်အတွက် ချင်းပြည်နယ်ကုန်သည်များနှင့်စက်မှုလုပ်ငန်းရှင်များအသင်း( CSCCI) ကို အစိုးရနှင့် ချင်းလူထုများက အားပေး၊ တွန်းအားပေးပြီး ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း CSCCI အသင်း အတွင်းရေးမှုး ဦးကပ်ခင်းပေါင်က ပြောသည်။

ဦးကပ်ခင်းပေါင်က " စီးပွားရေးဖွံ့ဖြိုးတိုးတတ်မှုဆိုတာက အစိုးရဘဲလုပ်ပေးလို့မရဘူး ကုန်သည်နဲ့ စက်မှုအသင်းက လုပ်မှရမယ်၊ မြန်မာပြည်မှာ စက်မှု/ကုန်သည်ရှိတာ နှစ် တစ်ရာပြည့် တော့မယ်။ သူတို့ ကပဲ စီးပွားရေးလုပ်ငန်းဦးဆောင်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှမှုတွေကိုလည်း သူတို့ကပဲ ဖိတ်ခေါ်တယ်။ သူတို့ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံမှုတွေလုပ်တယ်၊ အဲဒါမှလည်းပြည်နယ်နဲ့ တိုင်းကတိုးတတ်တာ၊ ချင်းပြည်နယ်စီးပွားရေးတကယ် ဖွံ့ဖြိုးစေချင်ရင် ကျွန်တော်တို့ ချင်းပြည်နယ်ကုန်သည်နဲ့စက်မှုလက်မှုလုပ်ငန််းအသင်းကို အစိုးရ နဲ့ပြည်သူကရော အားလုံးက အားပေး၊ တွန်းအားပေးပြီး ဝိုင်းလုပ်မှရမှာ" ဟုပြောသည်။

CSCCI အနေဖြင့် ချင်းပြည်နယ်တွင် ရုံးဖွင့်လှစ်နိုင်ရန် ပြည်နယ်အစိုးရထံ တောင်းခံထားသော်လည်း ချင်းပြည်နယ် အစိုးရမှ မိမိအစီအစဉ်ဖြင့်သာ ဆောင်ရွက်ရန် ပြန်လည်ညွှန်ကြားထားသည့်အတွက် ဟားခါးဒေသခံ ကုန်သည်တစ်ဦး၏ နေအိမ်တွင် ယာယီရုံးခန်းဖွင့်လှစ်ထားကြောင်းသိရသည်။ 

ဦးကပ်ခင်းပေါင်က " ရုံးမြေနေရာကို ချင်းပြည်နယ်အစိုးရကိုတောင်းထားတယ်။ အခုထိမပေးသေးဘူး။ တကယ်လို့ အစိုးရက မြေနေရာပေးနိုင်ရင် ရုုံးဆောက်ဖို့ကလည်းအဆင်သင့်။ KBZဘဏ်ကနေလည်း သိန်းတစ်ထောင် လှူဖို့ ရှိတယ်၊ ကျွန်တော်တို့ ကုန်သည်စက်မှုအသင်းကလည်း သိန်းတစ်ရာ လှူဖို့ရှိတယ်။ ဒါပေမဲ့ အစိုးရကလည်းခုထိိရုံးဆောက်ဖို့ မြေကွက်လေးတစ်ခုတောင်မပေးသေးဘူး။ အဲဒါပြဿနာဘဲ" ဟုပြောသည်။

CSCCI ကို ချင်းပြည်နယ်ကိုးမြို့နယ်အပြင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခ်ိုင်ပြည်နယ်ရှိ ချင်းကုန်သည် လေးဦးစီဖြင့် စုဖွဲ့ထားပြီး ဥက္ကဌနေရာအတွက် တစ်နှစ်တစ်ကြိမ် ပြုလုပ်သွားမည်ဖြစ်သည်။

လောလောဆယ်တွင် CSCCI ၏လုပ်ငန်းများအတွက် ရန်ကုန်မှ ဦးဆောင်သွားမည်ဖြစ်ပြီး ၂၀၂၀ နောက်ပိုင်းတွင် ဟားခါးမြို့တွင် ရုံးချုပ်ထားရှိကာ ချင်းပြည်နယ် မြို့တိုင်းတွင် ရုံးများဖွင့်လှစ်နိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးကပ်ခင်းပေါင်ကပြောသည်။

သူက " ချင်းပြည်နယ် ကုန်သည်စက်မှုလက်မှုလုပ်ငန်းဖြစ်တဲ့ အတွက် ချင်းပြည်နယ်မှာ ရုံးခန်းရှိရမယ်၊ ရုံးခန်းဆောက်ဖို ့ကလည်းမြေနေရာရှိဖို့ ကလိုတယ်။ အဲဒီလိုရှိမှ ချင်းပြည်နယ်ရဲ့တကယ်လိုအပ်တဲ့ ဟာကိုသိမှာလေ။ ရန်ကုန်ကနေ လှမ်းလုပ်တယ်ဆိုတာ မဟုတ်သေးဘူး ကျွန်တော်တို့အနေနဲ့လည်း ၃ နှစ်လောက်ဘဲ ရန်ကုန််ကနေလုပ်မယ်။၂၀၂၀ နောက်ပိုင်းဆိုရင် ချင်းပြည်နယ် ဟားခါးမှ ရုံးချုပ်ရှိရမယ်၊ မြို့နယ်တိုင်းမှာ ရုံးရှိရမယ်၊အဲလိုမှ အလုပ်ဖြစ်မှာ" ဟုပြောသည်။

ချင်းပြည်နယ် ကုန်သည်နှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းသည် ၁၉၉၂ ခုနှစ်တွင်ရှိခဲ့သော်လည်း ပျက်သွားခဲ့ပြီး ယခု CSCCI ကို ၂၀၁၇ ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်။

May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...