အမျိုးသမီးပါ၀င်သည့် ငြိမ်းချမ်းရေးက ပိုမိုရေရှည် ခိုင်မြဲဟု WFFP ပြော

အမျိုးသမီးပါ၀င်သည့် ငြိမ်းချမ်းရေးက ပိုမိုရေရှည် ခိုင်မြဲဟု WFFP ပြော
by -
မဇ္ဈိမ
 ငြိမ်းချမ်းရေးဆုံးဖြတ်ချက်များချမှတ်သည့်နေရာတွင် အမျိုးသမီးတွေပါ၀င် လာခြင်းက ပိုမို တည်တံ့သည့် ငြိမ်းချမ်းရေး ဖြစ်လာနိုင်သည်ဟု အမျိုးသမီးများအတွက် ငြိမ်းချမ်းရေးအဖွဲ့့ (WFFP) ဒါရိုက်တာ ဒေါ်သူဇာတင်ကပြောဆိုလိုက်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီးများပါ၀င်နိုင်မူနည်းနေပြီး အမျိုးသမီးများသည် သဘာဝအရ Softliner (သဘောထားပျော့ပျောင်းသူ) တွေဖြစ်သကဲ့သို့ အမျိုးသားများနည်းတူ ဆုံးဖြတ်ချက်များ ချမှတ်နိုင် သောအရည်အချည်းများရှိကြသဖြင့် အမျိုးသမီးပါ၀င်သော ငြိမ်းချမ်းရေးသည် ပိုမိုတည်တံ့နိုင်သည်ဟု ဒေါ်သူဇာတင် ကပြောဆိုသည်။

Women 3

“ကျွန်မတို့က မသိသာဘူးပေါ့နော် အိမ်မှာဆိုလို့ရှိရင် မိခင်တွေဟာ အမျိုးသမီးတွေဟာဆိုရင် အိမ်မှာတကယ်တန်း ငြိမ်းချမ်းရေး ဖြစ်အောင် အိမ်တွင်းမှာ ပြဿနာတွေမဖြစ်အောင် အမြဲတမ်းလုပ်ဆောင်ပေးနေတဲ့သူတွေဖြစ်တယ်။ တကယ်တန်း အိမ်တွင်းမှာ လုပ်ဆောင်နိုင်တဲ့ဟာ တိုင်းပြည် ငြိမ်းချမ်းရေးအတွက်ရော မဖော်ဆောင်နိုင်ဘူးလား ဆိုတာကို ကျွန်မတို့အတွက်က စဉ်းစားစရာဖြစ်နေတယ်။ တကယ်တန်းကျတော့ အမျိုးသမီးတွေဟာ တကယ့် ငြိမ်းချမ်းရေးကို လုပ်ဆောင်သူတွေဖြစ်တယ်ဆိုတာ ကမ္ဘာကနေအသိအမှတ်ပြုထားတယ် သုတေသနတွေအရ အသိမှတ်ပြုထားတဲ့အတွက်ကြောင့် ဒီဟာကို မြန်မာနိုင်ငံအတွက်လည်း လိုအပ်တယ်လို့ ကျွန်မထင်ပါတယ်” လို့ ၎င်းကပြောသည်။

မြန်မာဂျာနယ်လစ်ကွန်ရက်ရုံးတွင် စက်တင်ဘာ ၂၈ ရက် ပြုလုပ်သည့် “ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသမီးများပါ၀င်မှု  စာအုပ်” မိတ်ဆက်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အစိုးရသစ်လက်ထက် လွှတ်တော်များ၌ အမျိုးသမီးပါ၀င်မှု နှင့် ၂၁ ပင်လုံ ညီလာခံတွင် ပါ၀င်ခဲ့သော အမျိုးသမီး အချိုးအစားမှာ ၁၃ရာခိုင်နှုန်းခန့်စီရှိသည်ဟု ယနေ့ပြုလုပ်သည့် မိတ်ဆက်ပွဲ အချက်အလက်များအရသိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ (UPDJC) တွင် အဖွဲ့့ဝင် စုစုပေါင်း ၄၈ ဦးရှိပြီး အမျိုးသမီး လေးဦး ပါ၀င်နေသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းချန်မှုန်းဆာခေါင်း က “ မြန်မာ့လူဦးရေရဲ့ ထက်ဝက်ကျော်က အမျိုးသမီးတွေဖြစ်တယ်။  ငြိမ်းချမ်းရေးဖော်ဆောင်တဲ့နေရာမှာ အမျိုးသမီး ၃၀ရာခိုင်နှုန်း ပါ၀င်ခြင်းက ၂နှစ်ခံမယ့် ငြိမ်းချမ်းရေးဟာ ၆ နှစ်ခံနိုင်တယ်ဆိုတာ ကုလသမဂ္ဂကလည်းပြောဆိုထားတာရှိတယ်။ တိုင်းဒေသကြီး အစိုးရဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးကိုဆုံးဖြတ်ချက် ချတဲ့နေရာမှာ အမျိုးသမီးတွေရဲ့အသံကို နားထောင်ဖို့လိုတယ်”  ဟု ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် အမျိုးသမီးများပါ၀င်မှု စာအုပ်ထဲတွင် ၎င်း၏ အမြင်ကို ရေးသားထားသည်။

ပဋိပက္ခများအား တားဆီးကာကွယ်ရေး၊ စီမံခန်ခွဲရေးနှင့် အဖြေရှာရေးတို့ အတွက် နိုင်ငံချင်းစီအလိုက်၊ အကောင်အထည်ဖော်မှု ကဏ္ဍအသီးသီးတွင် ဆုံးဖြတ်ချက်အဆင့်တိုင်း၌ အမျိုးသမီးကိုယ်စားပြုပါ၀င်မှုအား တိုးမြင့်ရေးအတွက် ခိုင်မာသည့်အာမခံချက်ထားရှိရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းသည်ဟု ကမ္ဘာ့ကုလသမဂ္ဂ လုံခြံုရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ (UNSCR 1325) တွင်ဖော်ပြပါရှိသည်။

ပြည်တွင်းရှိအမျိုး သမီးများအဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်များတွင် အမျိုးသမီး ၃၀ ရာခိုင်နူန်းပါ၀င်ရန်လည်း တောင်းဆိုထားသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...