ရေကာတာ စီမံကိန်းများကို တိုင်းရင်းသားများ သဘောမတူဘဲ လုပ်ပါက ငြိမ်းချမ်းရေးနှင့် ဝေးသွားမည်ကို စိုးရိမ်ဟု ဦးခွန်ထွန်းဦးပြော

ရေကာတာ စီမံကိန်းများကို တိုင်းရင်းသားများ သဘောမတူဘဲ လုပ်ပါက ငြိမ်းချမ်းရေးနှင့် ဝေးသွားမည်ကို စိုးရိမ်ဟု ဦးခွန်ထွန်းဦးပြော
by -
မဇ္ဈိမ
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများကို တိုင်းရင်းသားများ၏ ဆုံးဖြတ်ချက်၊ သဘောတူညီ ချက်မပါဘဲ လုပ်ဆောင်မည် ဆိုပါက ငြိမ်းချမ်းရေး၊ အမျိုးသား ရင်ကြားစေ့ရေးနှင့် အလှမ်းဝေးသွားမည်ကို စိုးရိမ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက အကြံပြုပြောကြားသည်။

ရှမ်းပြည်နယ် အတွင်းရှိ မြစ်ချောင်းများအတွက် လှုပ်ရှားမှု အဖွဲ့မှ စက်တင်ဘာလ ၂၈ ရက်၊ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့  နယ်ရှိ အော်ခစ်ဟိုတယ်တွင် ရှမ်းပြည်နယ်အတွင်းရှိ သံလွင်မြစ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းများ ကြောင့် "ကျွန်းတစ်ထောင် ရေလွှမ်းတော့မည်" မှတ်တမ်း ရုပ်ရှင်နှင့် ပတ်သက်၍ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ တွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ တိုင်းရင်းသားတွေ ပိုင်ဆိုင်တဲ့ ပြည်ထောင်စုကြီးပါ။ ဒီလို ပိုင်ဆိုင်တာကြောင့် တိုင်း ရင်းသားတွေရဲ့ သဘောထား၊ တိုင်းရင်းသားတွေရဲ့ဆန္ဒမပါဘဲနဲ့ ရေကာတာ တည်ဆောက်ဖို့ကို ကျွန်တော်တို့ အနေနဲ့ ကတော့ ကန့်ကွက်လိုတယ်။ ဆက်လုပ်မှုတွေ ရှိနေသမျှ ကန့်ကွက်မှု တွေကလည်း ရှိလာဦးမှာပါ "ဟု ဦးခွန်ထွန်းဦးက သတိပေးပြောဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးနှင့် ဟိုပန်မြို့နယ် အကြားရှိ သံလွင်မြစ်ပေါ်တွင် နောင်ဖ ရေကာတာ (၁၂ဝဝ) မီဂါဝပ်ကို အစိုးရက တည်ဆောက်ရန် လျာထားခြင်းဖြစ်ပြီး ၂ဝ၁၅ ခုနှစ်တွင် သြစတေးလီးယား နိုင်ငံ စနိုးဝီးတောင် အင်ဂျင်နီယာ ကော်ပိုရေးရှင်း (SMEC) မှ နောင်ဖ ရေကာတာ တည်ဆောက်နိုင်ရန်အတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးဆန်း စစ်သည့် လုပ်ငန်း (EIA/SIA)ကို စတင်ခဲ့သည်။

"အခုချိန်မှာ ဆိုလို့ရှိရင် ကျွန်မတို့ မဲဆန္ဒနယ်အတွက် EIA/ SIA (သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ဆန်းစစ် သည့် လုပ်ငန်း) လုပ်ဖို့ အတွက်ကို လုံးဝ ကန့်ကွက်ထားပါတယ်။ ကန့်ကွက်ထားတဲ့ အကြောင်းရင်းက ဒီရေကာတာ ဆောက်ဖို့ကို ကန့်ကွက်တာကြောင့် ပါပဲ။ ဒါပေမယ့် လုပ်ဆောင်ရမယ့် အပိုင်းမှာ ကျွန်မတို့က ရှမ်းပြည်နယ်မှာ ကျတော့ SNLD ပါတီ ကိုယ်စားလှယ် အနေနဲ့ ရှမ်းပြည်နယ် လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ပြည်ထောင်စု လွှတ် တော် မှာကျတော့ ဘာမှ လှုပ်ရှားမှုတော့ မရှိသေးပါဘူး"ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ကွန်ဟိန်း မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်စောက ပြောသည်။

၂ဝ၁၅ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် SNLD တန့်ယန်း လွှတ်တော် ကိုယ်စားလှယ် အပါအဝင် တန့်ယန်း ကျေးရွာ အုပ်စု ၉ စုမှ လူဦးရေ ၂၅၊ ခန့် ရေကာတာကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပြီး သြဂုတ်လ ၂၁ ရက် နေ့တွင်လည်း ဟိုပန်၊ ကွမ်းလုံ၊ တန့်ယန်း၊ လားရှိုး၊ သိန္ဒီ မှ လူထု ၆ဝခန့်နှင့် အတူ SNLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးတို့က နောင်ဖ ရေကာတာ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများ ထုတ်ပြန်ချက်မှ သိရှိရသည်။

ဓာတ်ပုံ - မေခနှင့် မလိခမြစ်နှစ်သွယ်ပေါင်းစည်းနေသည့် ဧရာဝတီမြစ်ဖျားဒေသ မြစ်ဆုံကို တွေ့ရစဥ်။
April 3, 2026
အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်က ပြန်လည်အကောင်အထည်ဖော်ရန် ဆောင်ရွက်နေသည့် မြစ်ဆုံစီမံကိန်းကို...
NUCC ၏ ကောင်စီဝင်များကို ၂၀၂၆ ခုနစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်သည့် NUCC ၏ သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ်။ (မောင်ခက်နွေ)
April 2, 2026
မောင်ခက်နွေ — နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိဉာဏ်...
April 1, 2026
ယမင်းဖူးပွင့်အောင် - အာဏာသိမ်းစစ်ကော်မရှင်တပ်၏ စစ်ထောက်လှမ်းရေးချုပ် (စရဖချုပ်) အဖြစ်...
March 31, 2026
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ် (တပ်ချုပ်)...