မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မတူပီမြို့တွင် မြေပြိုမှုအပြင် နေအိမ်ဖျက်ရမည့် အနေအထားဖြစ်

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မတူပီမြို့တွင် မြေပြိုမှုအပြင် နေအိမ်ဖျက်ရမည့် အနေအထားဖြစ်
by -
Salai Khup Khup

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် မြေများပြိုနေသည့်အပြင် စိုးရိမ်ရသည့်နေအိမ်အချို့ကိုလည်းဖျက်ရမည့် အနေအထား ဖြစ်နေကြောင်း မတူပီ ချင်းလူငယ်ဥက္ကဌ ဆလိုင်းအန်နိုဘိခ်ကပြောသည်။

ဆလိုင်းအန်နိုဘိခ်က "အရှေ့ခိုဘွေရပ်ကွက်၊ လေမြိုလမ်းတွေဆိုရင် ဆိုးဆိုးရွားဖြစ်နေတယ်။ စည်ပင်ကနေ ဖောက်ထားတဲ့ လမ်းအသစ် မြို့ပတ်လမ်းဖြစ်တယ်၊ အဲဒီမြို့ ပတ်လမ်းအောက်မှာ ဖောက်ထားတဲ့ မြေထိန်းနံရံတွေရဲ့အမြင့်ပေကလည်း နည်းနည်းဘဲ လုပ်ထားတော့ မြို့ပတ်လမ်းတုန်ခါမှုကြောင့်မြေတွေက အက်ပြီး အောက်ဖက်က လေးအိမ်လောက်ဖျက်ရမယ့် အနေအထားဖြစ်နေတယ် ” ဟုပြောသည်။

သူကဆက်ပြီး "အောက်ဖက် မြို့ပတ်လမ်းကျတော့ကားတွေသွားလို့ မရတော့ဘူး။ ပြိုကျထားတဲ့မြေစာတွေနဲ့ပြည့်နေတော့ သွားလို့မရသေးဘူး၊ လမ်းကြောပြတ်တာမျိုးလည်းရှိနေပြီ ”ဟုပြောသည်။

ဇွန်လ ပထမအပတ်ကျော်ကျော်လောက်မှ စတင်ရွာသွန်းသည့် မိုးကြောင့် ချင်းပြည်နယ်အတွင်း မြို့ချင်းဆက်လမ်း၊ ရွာချင်းဆက်လမ်း တစ်ချို ့နေရာများတွင် မြေပြိုမှုများဖြစ်ပေါ်နေပြီး သွားလာရန် အဆင်မှုများအထိ ဆိုးရွားသည့် နေရာများလည်းရှိသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...