မင်းတပ်မြို့တွင်း မြေပြိုမှုများနှင့်ပတ်သက်ပြီး ဒေသခံများ ဝေဖန်မှုများ

မင်းတပ်မြို့တွင်း မြေပြိုမှုများနှင့်ပတ်သက်ပြီး ဒေသခံများ ဝေဖန်မှုများ
by -
Salai Khup Khup
မြို့ချင်းဆက်လမ်း၊ ရွာချင်းဆက်လမ်း တစ်ချို့နေရာများတွင် မြေပြိုမှုများဖြစ်ပေါ်နေပုံ (ဓါတ်ပုံ -  Boco Tulic Top)
မြို့ချင်းဆက်လမ်း၊ ရွာချင်းဆက်လမ်း တစ်ချို့နေရာများတွင် မြေပြိုမှုများဖြစ်ပေါ်နေပုံ (ဓါတ်ပုံ - Boco Tulic Top)

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်အတွင်း လမ်းတာချဲ့ထွင်မှုများနှင့်ပတ်သက်ပြီး ယခုမိုးတွင်းကာလရောက်ရှိချိန်တွင် မြေပြိုမှုများ၊ သွားလာရခက်ခဲမှုများရှိနေသည့်အတွက် မြို့ပေါ်ဒေသခံများမှ လုပ်ငန်းအပေါ် ဝေဖန်မှုများရှိနေကြောင်း သိရသည်။

မင်းတပ်မြို့ဒေသခံလည်းဖြစ်၊ ချိုးလူမျိုးအသင်းဝင်လည်းဖြစ်သူ ဦးထန်အွမ်ပိုင်းက " လမ်းတာ ချဲ့ထွင်ဖောက်လုပ်တဲ့အချိန်မှာလည်း ကြီးကြပ်ရေးကော်မတီဖွဲ့စည်းထားခြင်းကောင်းကောင်းမသိရသလို လမ်းတစ်ခုခုဖြစ်လာပြီဆိုရင်လည်း တာဝန်ယူခဲ့တဲ့ Company တွေကို ဆက်သွယ်လို့မရဘူး။ ဌာနဆိုင်ရာကိုစာတင်ရင်လည်း အရေးယူဆောင်ရွက်မှုပိုင်း အားနည်းနေတယ်" ဟု ချင်းဝေါလ်သတင်းဌာနသို့ပြောသည်။

သူကဆက်ပြီး "အရင်က လမ်းကြီးကြပ်ရေးကော်မတီကို လွှတ်တော်ဥက္ကဌ ဦးအောင်သန်းတို့က ဖွဲ့စည်းခဲ့တယ်။ သူတို့ကလည်း ဘာထုတ်ပြန်မှုလည်းမရှိဘူး။ နောက်ကော်မတီဝင်များတယ်ဆိုပြီး ရပ်ကွက်တစ်ခုကို ဆယ်ယောက်ဖွဲ့တယ်လို့ကြားတယ်။ သူတို့ကလည်း ဘာမှတုံ့ပြန်မှုမျိုးမတွေ့ရဘူး" ဟုပြောသည်။

လူမှုကွန်ယက်များတွင်လည်း မင်းတပ်မြို့ဒေသခံများမှ လမ်းတာချဲ့ရာတွင် အချို့နေရာများ၌ အဆောက်အဦးမရှိသော်လည်း ပေမပြည့်ခြင်း၊ ရန်ပုံငွေများကိုလည်း လူထုအနေဖြင့်မသိရသကဲ့သို့ ကြီးကြပ်သူများမရှိမှုသည် ပို၍ပင်ဆိုးရွားကြောင်း မြို့တွင်း မြေပြိုသည့် ပုံများတင်ကာ ဝေဖန်မှုများရှိနေသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မင်းတပ်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးမန်နိုင်းထန်းက " မင်းတပ်မြို့ လေးရပ်ကွက်က လူထုများနှင့် ကော်မတီဖွဲ့ပြီး မြေတိုင်းတာခဲ့တယ်။ လမ်းတာချဲ့ထွင်ရေး ဖြစ်မြောက်ရေးကော်မတီက အသက်မဝင်တော့တဲ့ပုံစံဖြစ်နေတော့ မြို့မိ၊ မြို့ဖတွေက အစိုးရစီ ခနခနတင်ပြလာတော့ လူအယောက်နှစ်ဆယ်လောက်နဲ့ ထပ်ဆင့်ပြီး ကြီးကြပ်ရေးကော်မတီပြန်ဖွဲ့စည်းတယ်။ လုပ်ငန်းလုပ်တဲ့အချိန်မှာ မြေနံရံကာတဲ့ ဘိလပ်မြေတွေ သေသေချာချာမခြောက်သေးခင် မိုးရွာချတော့ မခိုင်ခံ့နိုင်ဘူးဖြစ်နေတယ်။ ထပ်ပြိုတယ်" ဟုပြောသည်။

ဇွန်လ ပထမအပတ်ကျော်ကျော်လောက်မှ စတင်ရွာသွန်းသည့် မိုးကြောင့် ချင်းပြည်နယ်အတွင်း မြို့ချင်းဆက်လမ်း၊ ရွာချင်းဆက်လမ်း တစ်ချို့နေရာများတွင် မြေပြိုမှုများဖြစ်ပေါ်နေပြီး သွားလာရန်အဆင်မပြေသည့်အထိ ဆိုးရွားသည့်နေရာများလည်းရှိနေသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...