မီဇိုရမ်ပြည်နယ်အတွင်း ချင်းစစ်ဘေးဒုက္ခသည်များ ထပ်မှန်ဝင်ရောက်

မီဇိုရမ်ပြည်နယ်အတွင်း ချင်းစစ်ဘေးဒုက္ခသည်များ ထပ်မှန်ဝင်ရောက်

မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်တို့အကြားတိုက်ပွဲကြောင့် ပြီးခဲ့သည့်မေလကုန်ပိုင်းက ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်း နေထို်ကြသည့် ချင်းလူမျိုး ၄၈ ဦး တဖက်နိုင်ငံ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် ဆိုင်းဟားမြို့နယ်ရှိ Laki ကျေးရွာသို့ ထွက်ပြေးတိမ်ရှောင်လာကြကြောင်း သိရသည်။

ယခု ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည်များမှာ ချင်း မရာလူမျိုးများဖြစ်ကြောင်း သိရပြီး မီဇိုရမ်ပြည်နယ်တွင် သုံးရက်ခန့်သာနေထိုင်ကြပြီးနောက် မေလ ၃၀ နှင့် ၃၁ ရက်နေ့များတွင် တဖြန် မိမိဒေသသို့ ပြန်သွားခဲ့ကြသည်ဟု မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

ဖြစ်စဉ်မှာ ပလက်ဝမြို့နယ် Para ကျေးရွာထဲသို့ ရက္ခိုင့်တပ်မတော်သားများဝင်လာပြီး မြန်မာတပ်မတော်နှင့် တိုက်ပွဲများဖြစ်မည်ကို စိုးရိမ်သောကြောင့် ယခုလို တဖက်နိုင်ငံသို့ ထွက်ပြေးလာရခြင်းဖြစ်သည်ဟုု အဆိုပါ သတင်းစာတွင် ထပ်မှန်ဖော်ပြသည်။

မီဇိုရမ်ပြည်နယ် ဆိုင်းဟားမြို့နယ် ရဲ ထွက်ဆိုချက်အရ Laki ကျေးရွာတွင် ဝင်ရောက်လာသော စစ်ဘေးဒုက္ခသည်များမှာ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁၃ ဦး ကလေး ၃၁ ဦး တို့ဖြစ်ကြောင်း သိရသည်။

အလားတူ မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်တို့အကြားတိုက်ပွဲကြောင့် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းကစပြီး မြန်မာ စစ်ဘေးဒုက္ခသည်များ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ်တွင် ထွက်ပြေးလာကြပြီး အစောပိုင်းမှာတော့ လူဦးရေ ၁၇၅၀ ကျော် ရှိပြီး လက်ရှိအခြေအနေတွင် စစ်ဘေးဒုက္ခသည် ၃၂၁ ဦးသာ ကျန်ရှိနေသေးကြောင်း သိရသည်။

လတ်တလောအခြေအနေတွင် ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်တို့အကြား စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် ကျန်ရှိနေသေးသည့် ဒုက္ခသည်များမှာ မိမိနေရပ်ဒေသကို မပြန်ရဲကြဘဲ လောင်တလိုင်မြို့နယ် Hmawngbuchhuah ကျေးရွာ ဒုက္ခသည်စခန်းတွင် နေထိုင်နေရဆဲဖြစ်ကြောင်း ထပ်မှန်သိရသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...