ချင်းပြည်နယ်သည် အောင်ချက်နည်းနေအုံးမည်ဟု အထက်တန်းပြဆရာမတစ်ဦး သုံးသပ်

ချင်းပြည်နယ်သည် အောင်ချက်နည်းနေအုံးမည်ဟု အထက်တန်းပြဆရာမတစ်ဦး သုံးသပ်

ချင်းပြည်နယ်သည် တစ်နိုင်ငံလုံးတွင် နှစ်စဉ်အောင်ချက်အနည်း ဆုံးဖြစ်နေပြီး နောင် ငါး၊ ခြောက်နှစ်အထိလည်း အောင်ချက်နည်းနေအုံးမည်ဖြစ်ကြောင်း အမည်မဖော်လိုသူ ချင်းပြည်နယ်တွင်း အထက်တန်းပြကျောင်းဆရာမ တစ်ဦးကသုံးသပ် ပြောဆိုသည်။

အမည်မဖော်လိုသူ အထက်တန်းပြဆရာမက “နောက်ထပ်ငါးနှစ်ခြောက်နှစ်အထိတော့ အောင်ချက်တော့ ကောင်းမှာမဟုတ်သေးဘူး။ ဆယ်တန်းရောက်လာတဲ့သူတွေအများစုက အရေးအဖတ်တောင်မရဘူး။ အောက်ခြေမှာ အရင်က မအောင်မနေရပုံစံနဲ့ အတန်းတက်လာကြတယ်။ အခြေခံအဆင့်မရှိပဲနဲ့ ဆိုတော့ ဆယ်တန်းမှာဘယ်လိုမှမအောင်နိုင်တော့ဘူး။ မြို့ပေါ်မှာ အခြေခံရှိရှိနဲ့ သူငယ်တန်းကတည်းက တက်လာတဲ့သူတွေကတော့ အားလုံးအောင်ကြပါတယ်။ ကျေးရွာတွေကနေ အခြေခံ မကြေပဲ အဆင့်ဆင့် တက်လာတဲ့သူတွေအနေနဲ့တော့ အထက်တန်းအဆင့်မှာလုံးဝအဆင်မပြေဘူး။ တစ်ဆင့်ပြီးတစ်ဆင့် အတန်းတိုင်းမှာ အောက်သက်ကြေရင် အဆင်ပြေမှာ” ဟုပြောသည်။ 

အထက်တန်းပြဆရာမက ချင်းပြည်နယ်တွင် ၀ါရင့်ဆရာ/မများအနေဖြင့် ယခင်က သင်တန်းပုံမှန်တက်ရကြောင်း၊ ထိုကဲ့သို့လိုအပ်သည့် အတန်းနှင့်ကိုက်ညီမှုရှိသည့် သင်တန်းများတက်ရောက်မှသာ သင်ကြားမှု၊ ကျောင်းသူ/သား အခြေအနေ ကောင်းမွန်စွာသိရမည်ဖြစ်ကြောင်း ပြောသည်။

ယခုအခါ ပညာရေးစနစ်လည်းပြောင်းလဲမှုရှိလာသည်နည်းတူ ဆရာ/မများလည်း သင်တန်းများပုံမှန် တက်ရောက်လာကြသည့်အတွက် တစ်ဖြည်းဖြည်း ကောင်းလာမည်ဟုယူဆကြောင်း သူကဆက်ပြောသည်။

အထက်တန်းပြဆရာမက " အရည်အချင်းပြည့်မီတဲ့ ဆရာ/မတွေအဓိကလိုအပ်နေသေးတယ်။ အခုတော့ ဆရာ/မတွေလည်း လိုအပ်တဲ့ သင်တန်းတက်နေကြပြီဆိုတော့ ပိုကောင်းလာမှာပါ" ဟုပြောသည်။

ချင်းပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် နှစ်စဉ် အောင်ချက်အနည်းဆုံးရရှိသည့်ပြည်နယ်ဖြစ်ပြီး ၂၀၁၄ ခုနှစ်ကဆိုလျှင် သမိုင်းတစ်လျှောက်အဆိုးရွားဆုံးအဖြစ် အောင်ချက် ၈ ရာခိုင်နှုန်းကျော်သာရှိခဲ့သည်။

ချင်းပြည်နယ်၏ နှစ်စဉ်အောင်ချက်အနည်းဆုံးဖြစ်ရခြင်းမှာ ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုသည်လည်း အဓိကအချက်ဖြစ်ကြောင်းအဆိုပါအထက်တန်းပြ ကျောင်းဆရာမကသုံးသပ်ပြောကြားသည်။

သူက “ လမ်းပန်းဆက်သွယ်ရေးကောင်းရင် ကျေးရွာတွေမှာ တာဝန်ကျဖို့ ဘယ်ဆရာ/မ တိုင်းအဆင်ပြေမှာ။ အခုက ချင်းပြည်နယ် ကျေးရွာဖက်တွေမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတော့ ကျောင်းဆရာ/မတွေအတွက်လည်း အခက်အခဲကြုံရတယ်။ ဒီလမ်းပန်းဆက်သွယ်ရေးကောင်းလာရင်တော့ ပညာရေးအောင်ချက်တွေအတွက်လည်း အဓိကအထောက်အကူပြုမယ့်အရာဖြစ်တယ်” ဟုပြောသည်။

၂၀၁၄ သန်းခေါင်စာရင်းအရ ချင်းပြည်နယ်တွင် လူဦးရေ၏ ကျေးလက်နေရာခိုင်နှုန်းမှာ ၇၀ ရာခိုင်နှုန်းဖြစ်ပြီး အခြေခံပညာသင်ကြားမှု အများဆုံးသည်လည်း ကျေးလက်ဒေသတွင်ဖြစ်သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...