ချင်းပြည်နယ်တွင် အောင်ချက်အမြင့်ဆုံး ဖလမ်းမြို့ဖြစ်ပြီး ဂုဏ်ထူးရရှိမှု အများဆုံး တီးတိန်မြို့နယ်ဖြစ်

ချင်းပြည်နယ်တွင် အောင်ချက်အမြင့်ဆုံး ဖလမ်းမြို့ဖြစ်ပြီး ဂုဏ်ထူးရရှိမှု အများဆုံး တီးတိန်မြို့နယ်ဖြစ်

ချင်းပြည်နယ်အတွင်း အောင်ချက်ရာခိုင်နှုန်း အမြင့်ဆုံးအဖြစ် ဖလမ်းမြို့ဖြစ်ပြီး ဂုဏ်ထူးရရှိသူဦးရေ အများဆုံးအဖြစ် တီးတိန်မြို့နယ်မှ ဖြစ်ကြောင်း ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းအရသိရသည်။

ဖလမ်းမြို့တွင် ဖြေဆိုခွင့်စာရင်းရှိ ၁၁၇၀ ဖြစ်ပြီး ဖြေဆိုသူ ဦးရေ ၁၀၃၇ ရှိသည့်အနက် ၂၄၃ ဦးအောင်မြင်ခဲ့ပြီး ချင်းပြည်နယ်တွင် အောင်ချက်ရာခိုင်နှုန်းအမြင့်ဆုံးအဖြစ် ၂၃ ရာခိုင်နှုန်းဖြစ်သည်။

ချင်းပြည်နယ်အတွင်း ဂုဏ်ထူးရရှိသူဦးရေ ၂၄၁ ဦးရှိသည့်အနက် တီးတိန်မြို့နယ်မှ ဂုဏ်ထူးရရှိသူအများဆုံး အဖြစ် ၁၀၅ ဦးမှရရှိခဲ့သည်။ 

ချင်းပြည်နယ်အတွင် အမြင့်ဆုံးဂုဏ်ထူးရရှိသူ ၅ ဘာသာဂုဏ်ထားရရှိသူ နှစ်ဦးရှိပြီး ဟားခါးမြို့မှ ရရှိခြင်းဖြစ်သည်။ ဂုဏ်ထူးရရှိသည့် မြို့များအဖြစ် ဟားခါးမြို့မှ ၄၉ ဦး၊ ထန်တလန်မြို့နယ်မှ ၁ ဦး၊ ဖလမ်းမြို့နယ်မှ ၄၁ ဦး၊ တီးတိန်မြို့နယ်မှ ၁၀၅ ဦး၊ တွန်းဇံမြို့နယ်မှ ၁၀ ဦး၊ မင်းတပ်မြို့နယ်မှ ၃၆ ဦး၊ မတူပီမြို့နယ်မှ ၁၃ ဦး၊ ကန်ပက်လက်မြို့နယ်မှ ၂၁ ဦး၊ ပလက်ဝမြို့နယ်မှ ၇ ဦး တို့မှ အသီးသီးရရှိခဲ့ကြသည်။

ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် ဖြေဆိုသူအများဆုံး နှင့် အောင်ချက်အနည်းဆုံးအဖြစ် ပလက်ဝမြို့ဖြစ်ပြီး ဖြေဆိုခွင့်ရှိသူ ၂၂၂၁ ဦးအနက် ၁၉၀၆ ဦးဖြေဆိုခဲ့ပြီး ၈၁ ဦးသာအောင်မြင်ခဲ့သည်။ တစ်ပြည်နယ်လုံး အတိုင်းအတာအဖြစ် အောင်ချက် ၄.၂၄ ရာခိုင်နှုန်းသာရှိသည်။

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်အတွင်း ချင်းပြည်နယ်တွင် ဖြေဆိုခွင့်ရှိစာရင်းပေါင်း ဦးရေ ၁၁၇၄၀ ဦးရှိသည့်အနက် ဖြေဆိုသူ ၁၀၁၆၇ ရှိခဲ့ပြီး ၁၆၉၃ ဦးရေအောင်မြင်ခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် တစ်ပြည်နယ်လုံး အောင်ချက်မှာ ၁၆.၆၅ ရာခိုင်နှုန်း ရှိသည်။

ချင်းပြည်နယ်သည် ခါတိုင်းနှစ်များကဲ့သို့ပင် တစ်နိုင်ငံလုံးတွင် အောင်ချက်ရာခိုင်နှုန်းအနည်းဆုံး ဖြစ်ပြီး တစ်နိုင်ငံလုံးတွင် အောင်ချက်အများဆုံးအဖြစ် ရန်ကုန်တိုင်းဒေသကြီးသည် အောင်ချက်ရာခိုင်နှုန်း ၃၇.၅၅ ရာခိုင်နှုန်းရှိသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...