မုန်တိုင်းအတွင်း ရခိုင်တွင် သုံးဦးသေ၊ တစ်ဦးပျောက်ဆုံး၊ အိမ်ပေါင်း ၁၁၈ လုံး၊ စာသင်ကျောင်း ၁၉၊ သာသနိက အဆောက်အအုံ ၁၂ ပျက်စီး

မုန်တိုင်းအတွင်း ရခိုင်တွင် သုံးဦးသေ၊ တစ်ဦးပျောက်ဆုံး၊ အိမ်ပေါင်း ၁၁၈ လုံး၊ စာသင်ကျောင်း ၁၉၊ သာသနိက အဆောက်အအုံ ၁၂ ပျက်စီး

ရခိုင်ပြည်နယ်အတွင်း မေ ၂၉ ရက်နေ့က ဖြတ်သန်းတိုက်ခတ်သွားသည့် မုန်တိုင်းကြောင်း လူ ၃ ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးကာ အိမ်ပေါင်း ၁၁၈ လုံး၊ စာသင်ကျောင်း ၁၉၊ သာသနိက အဆောက်အအုံ ၁၂ ပျက်စီးနှင် စျေးဆိုင်တန်း တစ်ခုတို့ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်မှူး ဦးသော်တာက “ အိမ်ပျက်စီးက ၁၁၈လုံး၊ စာသင်ကျောင်း ၁၉၊ သာသနိက အဆောက်အအုံ ၁၂ ပျက်စီးနှင် စျေးဆိုင်တန်း တစ်ခုတို့ ပျက်စီးသွားခဲ့ပါတယ်။ ဒါက ကျောက်ဖြူခရိုင်နဲ့ သံတွဲခရိုင် ၂ ခုက ပျက်စီးစာရင်းဖြစ်ပါတယ်။ ပျက်စီးတယ်ဆိုပေမယ့် ကြီးကြီးမားမားတော့ မဟုတ်ပါဘူး” ဟု ပြောဆိုသည်။

သေဆုံးသူ ၃ ဦးမှာ မာန်အောင်မြို့နယ်မှ ဖြစ်ကြပြီး မျှော်တော်ဦး ကျေးရွာမှ ဦး ဦးပြည့်ထွန်း (၇၈) (၇၈) သည် အုန်းပင်ပိကျလည်းကောင်း အိုးဝအုပ်စု၊ ကံလက်ကျေးရွာမှ ဇနီးမောင်နှံ ၂ ဦးဖြစ်ကြသည့် ဦးစိန်ချမ်းအောင် (၆၃)နှစ်နှင့် ဒေါ်မဟန်ရွှေ (၅၃)နှစ် တို့မှာ ဓာတ်လိုက်၍လည်းကောင်း သေဆုံးခဲ့ကြသည်။

ငါးဖမ်းလှေနစ်ပြီး ပျောက်ဆုံးနေသူမှာ သံ သံတွဲမြို့နယ်၊ ဂျိတ္တော(၂)ရပ်ကွက်၊ ဒိုင်းမွန်းဟိုတယ် လမ်းကြားထဲမှ ဦးသန်းဇော်(၄၅) နှစ်ဖြစ်ကြောင်း သိရသည်။

“ အိမ်ပျက်စီးတာကတော့ သံတွဲ က အများဆုံးပါ။ သံတွဲမြို့နယ်မှ အိမ် ၄၇ လုံး၊ သာသနိက အဆောက်အအုံ တစ်လုံးပျက်စီးပါတယ်။ တောင်ကုတ် နေအိမ် ၂၄ လုံး၊ စာသင်ကျောင်း ၅ ခု ၊ သာသန ၄ ခု ပျက်စီးသွားပါတယ်” ဟု ပြည်နယ်မှူး ဦးသော်တာက ပြောကြားသည်။

တစ်ခြားပျက်စီးသည့် မြို့နယ်များမှာ အမ်းမြို့နယ်တွင် နေအိမ် ၂၁ လုံး။ မာန်အောင်မြို့နယ်တွင် နေအိမ် ၁၇ လုံး၊ သေဆုံး ၁၊ စာသင်ကျောင်း ၅ ခု၊ သာသနိက ၆ ခု။ မအီတွင် နေအိမ် ၃ လုံး၊ စာသင်ကျောင်း ၁ခု။ ရမ်းဗြဲမြို့နယ်တွင် နေအိမ် ၄ လုံး၊ စာသင်ကျောင်း ၅ ခု၊ သာသနိက အဆောက်အအုံ တစ်ခု၊ စျေးဆိုင်တန်း တစ်ခုနှင့် ကျောက်ဖြူမြို့ နယ်တွင် နေအိမ် ၂ လုံး၊ စာသင်ကျောင်း ၃ခု တို့ ဖြစ်ကြောင်း သိရှိရပါသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...