နိုင်ငံရေး နှင့် လုံခြုံရေးအလွတ်သဘော ဆွေးနွေးပွဲ ပြန်လည် ကျင်းပမည်

နိုင်ငံရေး နှင့် လုံခြုံရေးအလွတ်သဘော ဆွေးနွေးပွဲ ပြန်လည် ကျင်းပမည်

အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (၁၀) ဖွဲ့နှင့် အစိုးရ၊ တပ်မတော်တို့အကြား နိုင်ငံရေး နှင့် လုံခြုံရေးကဏ္ဍ ဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲကို မေ (၃၀) နှင့် (၃၁) ရက်နေ့တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးကဏ္ဍ အလွတ်သဘော ဆွေးနွေးပွဲကို သုံးကြိမ် ၊ လုံခြုံရေး ကဏ္ဍ အလွတ်သဘောဆွေးနွေးပွဲကို နှစ်ကြိမ် ကျင်းပခဲ့ပြီဖြစ်ပြီး မေလ ၃၀ ရက်နေ့မှာ နိုင်ငံရေးကဏ္ဍ၊ မေလ ၃၁ ရက်နေ့တွင်လုံခြုံရေးကဏ္ဍ အသီးသီးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ NRPC ရုံးတွင် ကျင်းပသွားကြမည်ဖြစ်သည်။

‘‘ ပြီးခဲ့တဲ့ မေလ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့က ပြုလုပ်တဲ့ အလွတ်သ ဘော ဆွေးနွေးပွဲ အစည်းအဝေး ထဲက သဘောထား စုစည်းချက်တွေကို ပြန်လည် ဆွေးနွေး သွားမှာပါ ‘‘ဟု CNF လက်ထောက်အတွင်းရေးမှူး ဆလိုင်းထက်နီက ပြောသည်။

အလွတ်သဘော ဆွေးနွေးပွဲသည် ကဏ္ဍ အလိုက် ဖွဲ့စည်းသည့် လုပ်ငန်းကော်မတီအသီးသီး၏ တရားဝင် ဆွေးနွေးပွဲ ပိုမို အဆင်ပြေ ချောမွေ့စေရေးအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးဖြစ်ပြီး ၄င်းဆွေး နွေးပွဲမှ ရရှိလာသည့် သဘောထား စုစည်းချက်များကို လုပ်ငန်းကော်မတီတွင် ပြန်လည် ဆွေးနွေးကာ တတိယ ပင်လုံအစည်းအဝေးသို့ သယ်ဆောင်သွားကြမည်ဖြစ်သည်။

‘‘အလွတ်သဘော ဆွေးနွေးပွဲ ဆိုပေမဲ့ အရေးကြီးပါတယ်၊ အဲဒီ ကနေ သဘောထားတွေ စုစည်းနိုင်တဲ့ အချက်တွေကို ပင်လုံ မှာ ဆွေးနွေးမှာ ဖြစ်တယ်၊ ၂၁ ရာစု ပင်လုံ ပြန်လည် ကျင်းပနိုင်ဖို့အတွက် က အဲဒီ ရလဒ်အပေါ်မှာ မူတည်နေတယ်လို့ ပြောလို့ရပါတယ်‘‘ ဟု ဆလိုင်းထက်နီက ထပ်ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...