ရာဇာဂြိုလ် ရေလှောင်တမံ လျှပ်စစ်ဓာတ်အားဖြန့်ဝေနိုင်တော့မည်

ရာဇာဂြိုလ် ရေလှောင်တမံ လျှပ်စစ်ဓာတ်အားဖြန့်ဝေနိုင်တော့မည်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ရာဇဂြိုလ်ရေလှောင်တမံကနေ လာမည့်ဇွန်လမှစတင်ပြီး လျှပ်စစ်ဓာတ်အား ပေးဝေနိုင်တော့မည်ဟု သိရသည်။

၂၀၁၅-၁၆ ဘဏ္ဍရေးနှစ်တွင် ပြီးစီးခဲ့သည့် ရာဇဂြိုလ်ရေလှောင်တမံသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကို ဇွန်လတွင် ထုတ်လုပ်ရန်အဆင်သင့်ဖြစ်ကြောင်း ရာဇာဂြိုလ်ရေလှောင်တမံမှ တာဝန်ခံဦးမှူး ဦးမျိုးထွန်းကခိုနူမ်းသုန်သတင်းဌာနကိုပြောသည်။

“ကျွန်တော်တို့ဘက်ကတော့ လည်ပတ်ဖို့ အဆင်သင့်ဖြစ်ပါပြီ မနှစ်ကဆိုရင် လျှပ်စစ်စက်ရုံမလည်နိုင်ပေမယ့် မိုးစပါး ဧက ၃၄၀၀ ကို ရေပေးခဲ့ပြီးပြီ”ဟု သူကပြောသည်။

ရာဇဂြိုလ်ရေလှောင်တမံမှ ၄ မီဂါဝပ် လျှပ်စစ်ဓာတ်အားထုတ်လုပ်ကာ ဒေသအတွင်းအသုံးပြုရန် ကလေး ဓာတ်အားခွဲရုံသို့ ပိုလွှတ်ပြီး လည်ပတ်သွားမည်ဟု ၎င်းကဆက်ပြောသည်။

ယင်းရေလှောင်တမံသည် ၂၀၁၅-၂၀၁၆ မိုးရေကြောင့် ရေလှောင်ပမာဏနည်းသွားသော်လည်း စိုက်ပျိုးရေးမှာ ရနိုင်သလောက်ပေးနိုင်ရန်နှင့် လျှပ်စစ်ဓာအားကိုလည်း အသုံးပြုနိုင်ရန်အတွက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်းသိရသည်။

ဦးမျိုးထွန်းက “ဝန်ကြီးဌာနရဲ့ရည်ရွယ်ချက်ကလည်း စိုက်ပျိုးရေပေးဖို့ဖြစ် တယ်။ ဆည်တည်ဆောက်စဉ် ကလေးမြို့ကြီးက ၂၄ နာရီ မီးမရသေးဘူး၊ ရာဇဂြိုလ်မှာကတော့ ၄ မီဂါဝပ်လောက်ရရင်တော့ ကလေးမြို့ကိုပေးမယ်လို့ ရည်ရွယ်တယ်။ပထမကတော့ စိုက်ပျိုးရေးပေးဖို့ ဒုတိယက လျှပ်စစ်မီးပေးဖို့၊ တတိယရည်ရွယ်ချက် ကတော့ ရေဘေးကာကွယ်ရေး အတိုင်းအတာတစ်ခုထိ ရေသိုလှောင်ထားမယ်ဆိုရင် ကလေးလွင်ပြင် ရေကြီးနှစ်မြှပ်တဲ့ဒဏ်ကနေ ကာကွယ်နိုင်မယ်။” ဟုသူကပြောသည်။

၎င်း ရေလှောင်တမံသည် လျှပ်စစ်ဓာတ်အားနှင့် စိုက်ပျိုးရေးအတွက် စီမံကိန်းတွေ လုပ်ဆောင်မှုများပြုလုပ်ပြီး တမံ ထိန်းသိမ်းရေးကိို တိုင်းဒေသကြီးစီမံခန့်ခွဲရေးလက်အောက်တွင် ပြန်လည်အပ်နှံမည်ဖြစ်ကြောင်း ဆက်ပြောသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...