မကွေးတိုင်း၊ ဂုတ်ကြီးကျေးရွာတွင် ဝတ်ပြုစည်းဝေးခြင်းမပြုရန် တားမြစ်ခြင်းကြောင့် တောထဲတွင် ဝတ်ပြုနေရ

မကွေးတိုင်း၊ ဂုတ်ကြီးကျေးရွာတွင် ဝတ်ပြုစည်းဝေးခြင်းမပြုရန် တားမြစ်ခြင်းကြောင့် တောထဲတွင် ဝတ်ပြုနေရ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာတွင် အုပ်ချုပ်ရေးမှူး၏ တားမြစ်ခြင်းကြောင့် ခရစ်ယာန်ဘာသာဝင်များ တောထဲတွင် ဝတ်ပြုစည်းဝေးကြရသည်မှာ တစ်နှစ်ကြာပြီဖြစ်ကြောင်း သိရသည်။

လိုင်ရောလ်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် သာသနာပြု တာဝန်ခံ သိက္ခာတော်ရ ဆရာ သျှန်းခေါလျံက “အရင်ကတည်းက ဂုတ်ကြီးရွာမှာ ဝတ်ပြုစည်းဝေးတာကိုခွင့်မပြုဘူး၊ တောထဲမှာ ဝက်ပြုစည်းဝေး လုပ်တာ တစ်နှစ်တောင် ကြာပြီ” ဟု ပြောသည်။

ဆက်ပြီး သူက “ကျွန်တော်အမြင်မှာကတော့ သူတို့လှုပ်ရှားမှု တကယ်ရှိလာရင်တော့ လိုအပ်သလို ဥပဒေအရ အထက်ထိ လုပ်ဆောင်သွားမယ်၊ တားမြစ်စာထဲမှ ဗုဒ္ဓဘာသာဝင်များအတွက် တားမြစ်တာမျိုးမရှိဘူး။ တခြားဘာသာဝင်တွေကို အခုလို တားမြစ်တာကတော့ လုံးဝမတရားဘူး” ဟု ဆက်ပြောသည်။

ဂုတ်ကြီးကျေးရွာအတွင်း ခရစ်ယာန်ဘာသာဝင်များ ဝတ်ပြုစည်းဝေးခြင်းမပြုရန် တားမြစ်စာကို မေလ ၂၅ ရက်နေ့၊ ၂၀၁၈ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးသာသနာရေးရုံးမှ ဂုတ်ကြီး ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ထပ်မံပို့ထားခြင်း ဖြစ်သည်။

အုပ်ချုပ်ရေးမှူး၏ တားမြစ်စာထဲတွင် လူနေအိမ်များ၊ စာသင်ကျောင်းများ၊ အခြားအဆောက် အဦးများ၌ စုပေါင်းဆုတောင်းပွဲများ ပြုလုပ်ခြင်း၊ ခွင့်ပြုချက်မရှိဘဲ အဆောက်အဦးများ ဆောက်လုပ်၍ ကျမ်းစာသင်ကျောင်း၊ ဘုရားရှိခိုးကျောင်း၊ ဗလီစသည့် ဘာသာရေးအဆောက်အဦးအဖြစ် (လုံးဝ) သုံးစွဲခြင်းတို့ကို ခွင့်မပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း ထဲသွင်းဖော်ပြထားသည်။

သိက္ခာတော်ရ ဆရာ သျှန်းခေါလျံက “ ဆုတောင်းဝတ်ပြုတာကို အိမ်မှာတောင် ခွင့်မပြုဘူးဆိုတော့ ဘုရားကျောင်းတွေ ဆောက်ဖို့ဆိုရင် ပိုတောင် ဝေးသေးတယ်” ဟုပြောသည်။

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိူင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၂ တွင် နိူင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများကို အသိအမှတ်ပြုကြောင်းနှင့် ပုဒ်မ ၃၆၃ တွင် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို ကူညီစောင့်ရှောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...