ဒေါက်တာအေးမောင် စစ်တွေဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှုခံယူ

ဒေါက်တာအေးမောင် စစ်တွေဆေးရုံကြီးတွင် ကျန်းမာရေးစစ်ဆေးမှုခံယူ
by -
စံမောင်သန်း

နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်အညိုပျက်စေမှုနှင့် မတရားအသင်းနှင့် ဆက်သွယ်မှု စသည့် ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုခံထားရသည့် ဒေါက်တာအေးမောင်သည် ရခိုင်ပြည်နယ် စစ်တွေမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ယမန်နေ့ (မေ ၂၈)နံနက်က ကျန်းမာရေးစစ်ဆေးမှု ခံယူရန် ရောက်ရှိလာခဲ့သည်ဟု သိရသည်။

ဒေါက်တာအေးမောင်၏ ကျောက်ကပ်တွင် အကွက်လေး တစ်ခုကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေး စစ်ဆေးမှုခံယူပြီး ဆေးရုံမှပြန်အထွက်တွင် ဒေါက်တာ အေးမောင်မှ မိသားစုဝင်များကို ပြောကြားခဲ့သည်ဟု သိရသည်။

ဒေါက်တာအေးမောင် အမျိုးသမီး ဒေါ်မြမြသက်က “ခါးနာလို့ ကျန်းမာရေးစစ်ခွင့်ပြုဖို့ တင်ပြ ထားတာ တစ်လကျော်ပါပြီ။ အခုမှ ကျန်းမာရေး စစ်ဆေးခွင့်ရလို့ အစစ်ဆေးခံယူတာပါ။ ကျမယောက်ျားက ခါးဆစ်လွဲပြီး ခရီးမသွားနိုင်လို့ ဆေးပင်စင်ယူထားရတဲ့သူပါ”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအေးမောင်သည် စစ်တွေအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရစဉ်တွင်လည်း ခါးနာသည့်အတွက် အပြင်မှ ဆေးများကို မှာယူပြီး သောက်နေရသည်ဟု သိရသည်။ အခြေအနေ ပိုမဆိုးရန် ကျန်းမာရေး မှန်မှန်လုပ်ပြီး ကောင်းမွန်စွာ နေထိုင်ရသည်ဟုလည်း ဇနီးဖြစ်သူက ပြောဆိုသည်။

ကျန်းမာရေးစစ်ဆေးမှု ခံယူရာတွင် ဓါတ်မှန်ရိုက် စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယမန်နေ့ ကျန်းမာရေး စစ်ဆေးရန် စစ်တွေ ဆေးရုံကြီးသို့ ဒေါက်တာအေးမောင်နှင့်အတူ မြောက်ဦးဖြစ်စဉ်ကြောင့် စစ်တွေအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ဒဏ်ရာရသူ ၈ ဦးထဲမှ မောင်ကျော်မင်းစိုးနှင့် မောင်ကျော်ဝင်းနိုင်တို့လည်း ပါဝင်ကြောင်း သိရှိရသည်။

သူတို့အား ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း၊ ဆရာဝန်က ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ရန် ညွှန်ကြားလိုက်ကြောင်း စစ်တွေဆေးရုံမှ အထွက်တွင် သူတို့နှစ်ဦးမှ နိရဥ္စရာသတင်းဌာနသို့ ပြောကြားသွားခဲ့သည်။

May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...