ကလေးမြို့တွင် မီတာဘောက်အလုံး ၁၀၀ ထပ်မံချပေး

ကလေးမြို့တွင် မီတာဘောက်အလုံး ၁၀၀ ထပ်မံချပေး

ကလေးမြို့တွင် မြို့ကြီးသုံး အိမ်သုံးမီတာဘောက် အလုံး ၁၀၀ ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းမှ မကြာသေးခင်ရက်ပိုင်းက ထပ်ချပေးလိုက်ပြီဟု သိရသည်။

ယခုချပေးသည့် မီတာဘောက်အလုံး ၁၀၀ သည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ နှင့် မတ်လအတွင်းက လျှောက်ထားခဲ့သူများအတွက်ဖြစ်ပြီး လျှောက်ထားသူများအနေဖြင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ သတ်မှတ်ကြေးငွေများပေးသွင်းကာ ထုတ်ယူနို််င်ကြောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မေလ ၂၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်အရသိရသည််။

ကလေးမြို့တွင် အိမ်ထောင်စုပေါင်း ခန့်မှန်းချေ တစ်သောင်းခြောက်ထောင်ကျော်ရှိခဲ့ပြီး ယခုလက်ရှိတွင် မီတာဘောက် လျှောက်ထားသူဦးရေမှာ ခုနှစ်ထောင်ကျော်ရှိကြောင်းသိရသည်။

တိုင်းဒေသကြီးဘက်ဂျက်ဖြင့် ထပ်မံတိုးချဲ့ပေးမည့် ဓာတ်အားမရရှိသေးသည့် အင်ဒိုင်းကုန်း၊ မြို့လှ၊ မြို့သာ၊ လှိုင်သာယာ တို့အတွက် မီတာလျှောက်လွှာများလည်းလက်ခံကာ မီတာဘောက်လည်း ထပ်မံချထား ပေးမည်ဖြစ်ကြောင်း ကလေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာ ဥိီးနေထွန်းဝင်းက ခိုနူမ်းသုန် သတင်းဌာန ကိုပြောသည်။

ပြည်ထောင်စု ငါးနှစ်စီမံကိန်းတွင် စက်မှုဇုံခွဲရုံအတွက် တောင်းခံချက်အရ ကလေးမြို့နယ် အနောက် မြောက်ဘက်ရှိ ဒိုးဝိုင်းချောင်းမှတဆင့် ပြည်တော်သာအထိပေးရန်အစီစဉ်ရှိသည်ဟု လည်း ၎င်းကဆက်ပြောသည်။

“ပြီးခဲ့တဲ့ ဘက်ဂျက်ကတည်ဆောက်ပြီးစီးခဲ့တဲ့ အောင်မြင်သာကျေးရွာအထိ ဓာတ်အားလိုင်းတွေ တည်ဆောက်ပြီး သွားပြီး ခုလာမယ့် ၂၀၁၈-၂၀၁၉ ဆယ်နှလဘက်ဂျက်ထဲမှာ အောင်မြင်သာကနေ လက်ပံချောင်းအထိ ဓာတ်အားလိုင်းတိုးချဲ့တည်ဆောက်ဖို့ရှိပါတယ်” ဟု ဦးနေထွန်းဝင်းမှ ခိုနူမ်းသုန် ကိုပြောသည်။

ယခုလက်ရှိ စနစ်သစ်မီတာဘောက်၏စျေးနုုူန်းမှာ ကျေးရွာသုံး ကျပ်လေးသောင်းခွဲ မြို့ငယ်သုံး ကျပ်ခုနှစ်သောင်း ခွဲ မြို့ကြီးသုံး ကျပ်ကိုးသောင်းတို့ဖြင့် အဆင့်ဆင့်ခွဲထား ပြီး ကလေးမြို့ တွင်လျှောက်ထား သည့် မီတာဘောက် များ သည် မြို့ကြီးသုံး များဖြစ်ကြောင်းသိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...