ရမ်းဗြဲတွင် ဘိုးဘွားပိုင်မြေ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်

ရမ်းဗြဲတွင် ဘိုးဘွားပိုင်မြေ ပြန်လည်ရရှိရေး ဆန္ဒထုတ်ဖော်
by -
စိုးဇံအောင်(တောင်ကုတ်)

ရခိုင်ပြည်နယ်ရမ်းဗြဲမြို့တွင် ဘိုးဘွားပိုင်မြေကိုပြန်လည် ရရှိရေးအတွက် လူအင်အား ၄၀ ခန့်က ယမန်နေ့ (မေလ ၂၄ ရက်နေ့) နံနက် ၈နာရီခန့်တွင် ဆန္ဒဖော်ထုတ်ခဲ့သည်ဟုသိရသည်။

ရမ်းဗြဲမြို့နယ် အုန်းတစ်ပင်စုကျေးရွာတွင်နေထိုင်ခဲ့သည့် မြေပိုင်ရှင်များက ၄င်းတို့၏ ဘိုးဘွား ပိုင်မြေ ၃ ဧကအား ပြန်လည်ရရှိရန် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ဆန္ဒထုတ်ဖော်ရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ဘိုးဘွားပိုင် မြေကို ပြန်လည်ရရှိဖို့ အတွက်ပါပဲ။ ပြီးတော့ ဘိုးဘွားပိုင်မြေက ကျွန်တော်တို့ကို အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်ပြီး အခု အိမ်တွေဆောက်ဖို့ ပြန်လည်ရောင်းချမှာကို ကျွန်တော်တို့ မလို လားပါဘူး”ဟု ဆန္ဒထုတ်ဖော် ပွဲကိုဦးဆောင်ပြုလုပ်ခဲ့သည့် မြေပိုင်ရှင်ဦးမောင်မဲရီ၏ သားဖြစ်သူ ကိုစိုးမင်းနိုင်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။

၁၉၉၁ ခုနှစ် နဝတအစိုးရလက်ထက်တွင် ၄င်းတို့မိသားစုများအား ၎င်းတို့နေထိုင်ရာ ဘိုးဘွား ပိုင်မြေမှ အတင်း ပြောင်းရွေ့ခိုင်းခဲ့ပြီး ယခုအချိန်တွင် အဆိုပါမြေအား တစ်ခြားလူများကို ပြန် လည်ရောင်းချကာ နေအိမ်များ ဆောက်လုပ်နေထိုင် လာသောကြောင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်သည်ဟု ၄င်းကဆက်ပြောသည်။

“ကျွန်တော်တို့ဘိုးဘွားပိုင်မြေကိုကျွန်တော်တို့ပြန်လိုချင် တယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘွားပိုင် မြေကနေ ကျွန်တော် တို့ကိုနှင်ထုတ်ပြီး တခြားသူတွေကို ပြန်လည်ရောင်းချ နေထိုင် စေတာဟာ ဘယ်လိုမှ မတရားဘူး။ ဒီအတွက် ဆန္ဒဖော်ထုတ်ရတာပါ”ဟု ကိုစိုးမင်းနိုင်က ဆက်လက် ပြောဆိုသည်။

ဆန္ဒထုတ်ဖော်သူများသည် ရမ်းဗြဲမြို့ ကျောက်နီမော်လမ်းမှ ကိုရံတောင်ဘုရား အထိ ချီတက် ဆန္ဒထုတ်ဖော်ခဲ့ပြီး ငါတို့ရဲ့ဘိုးဘွားပိုင်မြေမှာ အိမ်ဆောက်နေတာ ချက်ချင်းရပ်။ အဖျက်ခံ အုန်းတစ်ပင်စုရပ်ကွက်ကမြေ ငါတုုိ့ဘိုးဘွားပိုင်မြေ။ ငါတို့ဘိုးဘွားတွေနေထိုင်လာတဲ့ မြေက ငါတို့ကို မောင်းထုတ်ပြီး သူများကိုနေခွင့်ပေး တာတရားသလားစသည့် ဆောင်ပုဒ်များ။ ကြွေးကြော်သံ များဖြင့် ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...