(၅)ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ ဘူးသီးတောင်တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

(၅)ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ ဘူးသီးတောင်တွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ယခုနှစ် မေ ၃၀ ရက်နေ့တွင် ကျရောက်သည့် (၅) ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ကို ဘူးသီးတောင်မြို့တွင် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ကျင်းပရေးကော်မတီ အဖွဲ့ဝင် ဦးမောင်မောင်ယေက “ ဘူးသီးတောင်မြို့မှာ ရခိုင်အမျိုးသားနေ့ကို ကျင်းပရတဲ့ ရည်ရွယ်ချက်က ရခိုင်အမျိုးသားတွေမှာလည်း ကိုယ့်လူမျိုးနဲ့ ဆိုင်တဲ့ အမျိုးသားနေ့ ဆိုတာ ရှိတယ်။ ဒီလို အမျိုးသားနေ့ကို ကျင်းပခြင်းအားဖြင့် ဇာတိသွေး ဇာတိမာန် တက်ကြွလာမယ်။ ပိုပြီးတော့ ဒေသခံ ပြည်သူတွေက ကိုယ့်အမျိုးသားဆိုင်ရာ ကိစ္စရပ်တွေကို ပိုမို သိရှိနားလည်လာအောင် ရည်ရွယ်ချက်တွေနဲ့ ကျင်းပဖို့ စီစဉ်ရတာ ဖြစ်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဘူးသီးတောင်မြို့တွင် ပြုလုပ်မည့် အမျိုးသားနေ့ အခမ်းအနားသို့ မြို့နယ်တစ်ခုလုံးမှ ရခိုင်ကျေးရွာများအား ဖိတ်ကြားထားသည်ဟု သိရသည်။

“ ရခိုင်အမျိုးသားနေ့ကို ဘူးသီးတောင်မြို့မ အားကစားကွင်းမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ စာပေဟောပြောပွဲနဲ့ စင်တင် တေးဂီတ ဖြေဖျော်ပွဲတွေ ပါဝင်မှာ ဖြစ်သလို ကစားခုန်စား အားကစားပွဲတွေလည်း ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

စာပေဟောပြောပွဲတွင် ဦးကျော်ဇောဦး၊ ခိုင်မင်းထွန်းနှင့် မောင်မေယု (ဘူးသီးတောင်)တို့မှ ဟောပြောမည် ဖြစ်သလို စင်တင်တေးဂီတ ဖြေဖျော်ပွဲတွင် ရခိုင်အဆိုတော် ဦးမောင်သိန်းနှင့် အဖွဲ့မှ ဖြေဖျော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့တွင် ရခိုင်အမျိုးသားနေ့ကို ယခင်နှစ်များကလည်း ကျင်းပလာခဲ့သလို ယခုနှစ်တွင် ခါတိုင်းနှစ်များထက် စည်ကားအောင် ကျင်းပသွားမည် ဖြစ်ကြောင်း ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကလည်း ပြောကြားသည်။

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...